ဖန်တီးရာနဲ့ The Asia Foundation တို့ပူးပေါင်းပြီး Data4Change Hackathon ကို ကျင်းပပြုလုပ်သွားမည်

2-1-1.jpg

The Asia Foundation နဲ့ ဖန်တီးရာတို့ ပူးပေါင်းကျင်းပတဲ့ Data4Change Hackathon ကို ရန်ကုန်မြို့ ဖန်တီးရာရုံးမှာ မေလ (၂၅) ရက်နေ့နဲ့ (၂၆) ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီပြိုင်ပွဲမှတစ်ဆင့် အစိုးရနဲ့ အရပ်ဖက်အဖွဲ့အစည်းက ဆုံးဖြတ်ခွင့်ရှိသူတွေအတွက် သတင်းအချက်အလက်အရင်းအမြစ်များစွာပါဝင်တဲ့ ဒီဂျစ်တယ် platform တွေကို ရရှိနိုင်ရန် ရည်ရွယ်ပါတယ်။ အဲဒီပွဲကို မြန်မာနိုင်ငံရဲ့ အကြီးဆုံးသတင်းအချက်အလက် data platform ဖြစ်သော The Asia Foundation ၏ မြို့နယ်တိုးတက်ဖွံ့ဖြိုးရေးတိုင်းတာချက် (Township Development Indicators (TDI) database) ကို အသုံးပြုကာ အလွယ်တကူအသုံးပြုနိုင်တဲ့ ဒီဂျစ်တယ် platform တွေတည်ဆောက်ပြီး နိုင်ငံတော် တာဝန်ရှိသူတွေအတွက် သက်သေသာဓကတွေအပေါ်မူတည်ပြီး ဆုံးဖြတ်ချက်၊ မူဝါဒတွေချမှတ်နိုင်ရေး အကူအညီပေးရန်နဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ပိုမိုပွင့်လင်းမြင်သာလာနိုင်စေရန် ပြုလုပ်ကျင်းပမှာဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံအတွင်း အရပ်ဖက်ဆိုင်ရာ တာဝန်ရှိသူတွေအတွက် ယုံကြည်စိတ်ချနိုင်ပြီး လွယ်ကူစွာရယူနိုင်တဲ့ သတင်းအချက်အလက် data တွေ နည်းပါးလျက်ရှိပါသေးတယ်။ ထို့အတူ အစိုးရဝန်ထမ်းတွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေအတွက်လည်း သက်သေသာဓကတွေအပေါ်မူတည်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ရန်အတွက် ပစ္စည်းကိရိယာ ကန့်သတ်ချက်၊ ဒီဂျစ်တယ်နဲ့ သတင်းအချက်အလက် တတ်မြောက်မှု အပါအဝင် လိုအပ်တဲ့ ကိရိယာတွေ၊ အရည်အချင်းတွေကို ရရှိနိုင်ရန် အခက်အခဲရှိနေပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ သတင်းအချက်အလက်တွေကို သိမ်းဆည်းရာမှာ စာရွက်စာတမ်းတွေကို အများဆုံးအသုံးပြုနေပြီး အဲဒီ သတင်းအချက်အလက်တွေကို ဒီဂျစ်တယ် အချက်အလက်အနေနဲ့ သိမ်းဆည်းရန်၊ သတင်းအချက်အလက်တွေရဲ့အရည်အသွေးတွေကို မြှင့်တင်ရန်၊ အဲဒီသတင်းအချက်အလက်တွေကို ကောင်းမွန်တဲ့ ပုံစံနဲ့ ပြသနိုင်ရန် အဲဒီသတင်းအချက်အလက်တွေကို လူအများဆီ ကျယ်ပြန့်စွာရောက်ရှိနိုင်ရန်၊ ပိုမိုပွင့်လင်းမြင်သာလာစေရန်နဲ့ အကျိုးသက်ရောက်မှုများစွာဖြစ်ထွန်းနိုင်ရန်အတွက် ပထမခြေလှမ်းတစ်ခုဖြစ်ပါတယ်။

The Asia Foundation ရဲ့ မြို့နယ်တိုးတက်ဖွံ့ဖြိုးရေးတိုင်းတာချက် (Township Development Indicators (TDI) database) က မြန်မာနိုင်ငံမှာ အကြီးမားဆုံး data platform တွေက တစ်ခုဖြစ်ပြီး တိုးတက်ဖွံ့ဖြိုးမှု၊ သဘာဝအရင်းအမြစ်၊ စိုက်ပျိုးရေး၊ အခြေခံ အဆောက်အဦးများ၊ စီးပွားရေး၊ အစိုးရ ဘဏ္ဍာရေး၊ ရွေးကောက်ပွဲတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေအစရှိတဲ့ သတင်းအချက်အလက်တွေအပါအဝင် မြို့နယ်အဆင့် တိုင်းတာချက် ၆၅၀၀ကျော်ထိရှိတဲ့ စုပေါင်းထားသော သတင်းအချက်အလက်တွေဖြစ်ပါတယ်။ အခုပြုလုပ်တဲ့ hackathonနှ နဲ့ မြို့နယ်တိုးတက်ဖွံ့ဖြိုးရေးတိုင်းတာချက် (Township Development Indicators) လုပ်ငန်းစဉ်ကို ဩစတေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကနေ Innovation Exchange မှ တစ်ဆင့် ကူညီပံ့ပိုးပါတယ်။

Data4Change Hackathon ကို (၂) ရက်တိတိကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး၊ မေလ (၂၆) ရက် ညနေတွင် (၃-၅) ယောက်ပါရှိတဲ့အဖွဲ့တွေဖွဲ့ပြီး ရန်ကုန်မြို့က မြို့နယ်ပေါင်း (၃၃၀) မှကောက်ခံထားတဲ့ Township Development Indicators (TDI)  Database တွေကို အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းနှင့် development partner တွေအတွက် မူဝါဒတွေချမှတ်ရာမှာ လွယ်ကူအဆင်ပြေစေမယ့် နည်းပညာဝန်ဆောင်မှုတွေကို ရှာဖွေဖော်ထုတ်ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ အနိုင်ရရှိတဲ့အသင်းမှာ အမေရိကန်ဒေါ်လာ ၃,၀၀၀ ရရှိမှာဖြစ်ပြီး The Asia Foundation နဲ့ ဆက်လက်လက်တွဲလုပ်ဆောင်ရန် အမေရိကန်ဒေါ်လာ ၁၄,၀၀၀ တန်ဖိုးရှိတဲ့ ထောက်ပံ့ငွေကိုရရှိမှာဖြစ်ပါတယ်။ first runner-up ရရှိတဲ့ အသင်းက အမေရိကန်ဒေါ်လာ ၂,၀၀၀ နှင့် second runner-up ရရှိတဲ့ အသင်းကာ အမေရိကန်ဒေါ်လာ ၁,၀၀၀ စီ အသီးသီးရရှိမှာဖြစ်ပါတယ်။ information session တွေနဲ့ hackathon ကို ဖန်တီးရာရုံးခန်းဖြစ်တဲ့ အမှတ် ၆၂၈- ၆၃၆၊ Royal River View ကွန်ဒို၊ (၁၀) လွှာ၊ ကုန်သည်လမ်း၊ (၂၉) လမ်းနှင့် လမ်း(၃၀) ကြား၊ ပန်းပဲတန်း၊ ရန်ကုန်မြို့မှာကျင်းပသွားမယ်လို့ သိရပါတယ်။
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top