ချီကာဂိုမြို့မှာ ရက်ရက်စက်စက် တိုက်ခိုက်ခံခဲ့ရပြီး မိခင်ဖြစ်သူ သားအိမ်ထဲကနေ လှီးထုတ်ခံခဲ့ရတဲ့ ကလေးငယ်ဟာ အသက်ကယ်ထောက်ပံ့မှု (၂) လကြာ လုပ်ခဲ့ပြီးနောက်မှာတော့ သေဆုံးသွားခဲ့ပါတယ်။ ကလေးငယ် ယိုဗန်နီရဲ့မိခင်ဖြစ်သူ အိုချိုအာလိုပက်ဇ်ဟာ ပြီးခဲ့တဲ့ဧပြီလက တိုက်ခိုက်ခံရလို့ သေဆုံးခဲ့ပါတယ်။ အိုချိုအာလိုပက်ဇ်ဟာ အသက် (၄၆) နှစ်အရွယ် အမျိုးသမီး ဖီဂူရိုအာနဲ့ ဖေ့ဘွတ်ခ်ပေါ်မှာ သိကျွမ်းခဲ့ကြပါတယ်။
ဖီဂူရိုအာက ကလေးအဝတ်အစားတွေ အလကားပေးမယ်ဆိုပြီး အသက် (၁၉) နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး အိုချိုအာလိုပက်ဇ်ကို သူ့အိမ်လာဖို့ ခေါ်ခဲ့ပါတယ်။ ချီကာဂိုမြို့ အနောက်တောင်ပိုင်းက သူ့အိမ်ကို ရောက်ချိန်မှာ ဖီဂူရိုအာက ကြိုးတစ်ချောင်းအသုံးပြီး အိုချိုအာလိုပက်ဇ်ကို လည်ပင်းညှစ်သတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီအချိန်တုန်းက အိုချိုအာလိုပက်ဇ်ဟာ ကိုယ်ဝန်ကိုးလ ရှိနေပါပြီ။ အိုချိုအာလိုပက်ဇ် သေဆုံးသွားချိန်မှာ ဖီဂူရိုအာက သူ့ဗိုက်ထဲက ကလေးကို သားလှီးဓားနဲ့ လှီးထုတ်ခဲ့ပါတယ်။ ဖီဂူရိုအာရဲ့သမီး ဒီဆီရီကလည်း အိုချိုအာလိုပက်ဇ်ကို သတ်ဖြတ်ချိန်မှာ ပါဝင်ကူညီခဲ့တယ်လို့ ဆိုပါတယ်။
အိုချိုအာလိုပက်ဇ် အသတ်ခံရတဲ့နေ့မှာ ဖီဂူရိုအာက သူ့ရဲ့ မွေးကင်းစကလေးငယ် အသက်မရှူဘူးဆိုပြီး ကျန်းမာရေးအဖွဲ့ကို ဖုန်းဆက်ခဲ့ပါတယ်။ ဒါပေမဲ့ ကလေးငယ်ကို DNA စစ်ဆေးချိန်မှာ သေဆုံးသူ အိုချိုအာလိုပက်ဇ်ရဲ့ရင်သွေးဖြစ်နေမှန်း ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဖီဂူရိုအာတို့ သားအမိကို လူသတ်မှုနဲ့စွဲချက်တင်ထားပြီး ဖီဂူရိုအာရဲ့အတူနေချစ်သူကိုတော့ လူသတ်မှု ဖုံးကွယ်ထားမှုနဲ့ စွဲချက်တင်ထားပါတယ်။
Nz (ရိုးရာလေး)