(၃) ပတ်ကြာ ကွန်တိန်နာထဲ ပိတ်မိနေတဲ့ ကြောင်လေး သကြားလုံးစားပြီး အသက်ရှင်

28-1-2021-yyl-01.jpg

မကြာသေးခင်ကမှ ကြောင်လေးတစ်ကောင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်က မယုံကြည်နိုင်စရာပါပဲ။ ကွန်တိန်နာအတွင်း အကြာကြီးပိတ်မိနေတယ်ဆိုရင် အသက်ရှင်နိုင်ဖို့ဆိုတာ ရာခိုင်နှုန်းနည်းပါတယ်။ အဲဒီကြောင်လေးကတော့ သင်္ဘောနဲ့တင်ဆောင်လာတဲ့ ကွန်တိန်နာအတွင်းမှာ (၃) ပတ်ကြာပိတ်မိနေခဲ့ပေမဲ့ အသက်ရှင်ခဲ့ပါတယ်။ ကြောင်လေးကတော့ အသက်အန္တရာယ်နဲ့နီးကပ်တဲ့စွန့်စားမှုဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ရတာပါပဲ။

ယူကရိန်းနိုင်ငံက Star Shipping လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုက သင်္ဘောနဲ့တင်ဆောင်လာတဲ့ ကွန်တိန်နာအတွင်းကနေ ကြောင်လေးတစ်ကောင်ကို တွေ့ခဲ့ရတယ်ဆိုတဲ့ ပို့စ်ကို ဇန်နဝါရီလ ၁၄ ရက်နေ့က တင်ခဲ့ပါတယ်။ အံ့သြစရာကောင်းတာက အဲဒီကြောင်လေးက ကွန်တိန်နာအတွင်း ပိတ်မိနေတာတောင် အသက်ရှင်ပြီး ကျန်းမာရေးလည်း ကောင်းတဲ့ပုံရပါတယ်။ အဲဒီကြောင်လေးက (၃) ပတ်ကြာအောင် ယူကရိန်းကနေ အစ္စရေးကို ကွန်တိန်နာနဲ့ လိုက်ပါသွားခဲ့တာပါ။ အဲဒီကြောင်လေး ကွန်တိန်နာအတွင်းက ထွက်လို့ရတော့ အစ္စရေးရောက်နေပါပြီ။

ကွန်တိန်နာအတွင်း ပိတ်မိနေချိန်မှာ စားခဲ့တဲ့ တစ်ခုတည်းသောအရာကတော့ Star Shipping ကုမ္ပဏီ တင်ပို့ပေးနေတဲ့ သကြားလုံးပါပဲ။ ကြောင်လေးက သကြားလုံးကိုစားပြီး အသက်ရှင်နေခဲ့တာလို့ ဆိုရမှာပါ။ လူတွေကို ပိုပြီး အံ့အားသင့်စေခဲ့တာကတော့ ကြောင်လေးက ရေလုံးဝမသောက်ဘဲနဲ့ လုံးဝကျန်းမာနေတဲ့ပုံစံဖြင့် အသက်ရှင်နိုင်ခဲ့တာပါပဲ။ ရေမသောက်ရဘဲနဲ့ သကြားလုံးတစ်ခုတည်းစားရုံနဲ့ ကြောင်လေး ဘယ်လိုအသက်ရှင်နိုင်ခဲ့တာလဲဆိုတာကတော့ လျှို့ဝှက်ဆန်းကြယ်နေတုန်းပါ။ ဒါက အံ့ဖွယ်အဖြစ်အပျက်တစ်ခုပဲလို့ လူအများစု ပြောနေကြပါတယ်။

ကွန်တိန်နာအတွင်းမှာ တွေ့ရတဲ့ ရေစက်လေးတွေကို ကြောင်လေး သောက်ပြီး သကြားလုံးတွေစားကာ အသက်ရှင်နိုင်ခဲ့တာဖြစ်နိုင်တယ်လို့ ကုမ္ပဏီကတော့ ခန့်မှန်းထားပါတယ်။ ကုမ္ပဏီက စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ ယူကရိန်းနိုင်ငံက CCTV မှတ်တမ်းမှာတော့ သကြားလုံးတွေထည့်ထားတဲ့ဗူးတွေကို ကွန်တိန်နာတွေထဲ ထည့်နေတဲ့အချိန်မှာ ကွန်တိန်နာထဲ ကြောင်လေး ဝင်သွားခဲ့တာကို ပြခဲ့ပါတယ်။ ကြောင်လေးရဲ့အခြေအနေ ကောင်းပြီး အဆင်ပြေနေပါတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Ref: BoredPanda “Trapped Inside A Shipping Container For 3 Weeks, Cat Survives By Eating Candy”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top