အထူးအခွင့်အရေးရုပ်သိမ်းခံရပြီး အဆက်အသွယ်ပြတ်တောက်နေတဲ့ ကက်ရှ်မီးယားဒေသ

68296391_2525289224168649_3409310323344146432_n.jpg

ကက်ရှ်မီးယားဒေသကို အထူးအခွင့်အရေးပေးအပ်ထားတဲ့ အခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေရုပ်သိမ်းလိုက်တာနဲ့ပတ်သက်ပြီး အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီက ကာကွယ်ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကစီမံခန့်ခွဲနေတဲ့ ကက်ရှ်မီးယားဒေသမှာ ခေတ်သစ်တစ်ခုစတင်ပြီ၊ တိုးတက်မှုကိုပိတ်ဆို့နေတဲ့အဟန့်အတားတွေကိုဖယ်ရှားလိုက်ပြီလို့ မိုဒီက ပြောပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်ကို အထူးအခွင့်အရေး ပေးထားတဲ့ အခြေခံဥပဒေပုဒ်မ (၃၇၀) နဲ့ ပုဒ်မ ၃၅ (က) ကို အိန္ဒိယနိုင်ငံကရုပ်သိမ်းခဲ့ပါတယ်။

ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ် အိန္ဒိယနိုင်ငံရဲ့ပြည်နယ်တွေထဲမှာ မွတ်စလင်အများစုနေထိုင်တဲ့ တစ်ခုတည်းသောပြည်နယ်ဖြစ်ပါတယ်။ ပုဒ်မ (၃၇၀) အရ ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်ကို တခြားပြည်နယ်တွေထက် ကိုယ်ပိုင်လွတ်လပ်ခွင့်ပိုပေးထားပြီး ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ မြေယာပိုင်ဆိုင်မှုတွေမှာ အထူးအခွင့်အရေးပေးအပ်ထားပါတယ်။

၁၉၄၇ ခုနှစ်ကစတင်ပြီး အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံ (၂) နိုင်ငံလုံးက ကက်ရှ်မီးယားဒေသတစ်ခုလုံးကို သူပိုင်၊ ငါပိုင် အငြင်းပွားခဲ့တာပါ။ အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံဟာ ကက်ရှ်မီးယားဒေသရဲ့ တစ်စိတ်တစ်ဒေသစီကို ထိန်းချုပ်ထားပါတယ်။ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံ(၂) နိုင်ငံကြား ကက်ရှ်မီးယားဒေသနဲ့ပတ်သက်ပြီး စစ်ပွဲ (၂) ကြိမ်နဲ့ တိုက်ခိုက်မှုအကြိမ်ကြိမ် ဖြစ်ပွားခဲ့ဖူးပါတယ်။ ကက်ရှ်မီးယားဒေသရဲ့ အထူးအခွင့်အရေး ကိုရုပ်သိမ်းတာဟာ နိုင်ငံတကာဥပဒေကိုချိုးဖောက်ရာရောက်တယ်လို့ ပါကစ္စတန်နိုင်ငံကပြောပါတယ်။ ကက်ရှ်မီးယားဒေသမှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညကတည်းက ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ ဖြတ်တောက် ခံထားရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top