အတ္တလန်တစ်သမုဒ္ဒရာကိုရွက်လွှင့်ဖြတ်သန်းပြီး နယူးယောက်မြို့ဆီခရီးနှင်ခဲ့တဲ့ (၁၆) နှစ်သမီး

intl01.jpg

ဂရက်တာ သန်ဘာ့ဂ် (Greta Thunberg) လို့အမည်ရတဲ့ အသက် (၁၆) နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးဟာ နယူးယောက်မြို့မှာကျင်းပမယ့် ကုလသမဂ္ဂညီလာခံကိုတက်ရောက်ဖို့အတွက် လေယာဉ်ခရီးစဉ်နဲ့မသွားခဲ့ဘဲ ရွက်သင်္ဘောငယ်တစ်စင်းနဲ့ အတ္တလန်တစ်သမုဒ္ဒရာကိုဖြတ်သန်းပြီးသွားခဲ့တယ် လို့သိရပါတယ်။ ကာဗွန်လောင်စာသုံးစွဲမှုကိုအားမပေးချင်လို့ လေယာဉ်စီးမသွားတာဖြစ်ပြီး သူရွက်လွှင့်ခဲ့တဲ့သင်္ဘောငယ်မှာလည်း ကာဗွန်လောင်စာမသုံးခဲ့ပါဘူး။

အသက်ငယ်ငယ်နဲ့ သဘာဝပတ်ဝန်းကျင်အရေးအတွက်တက်တက်ကြွကြွလှုပ်ရှားနေသူ ဂရက်တာရဲ့အခုလုပ်ရပ်ဟာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကိုလျစ်လျူရှုထားခြင်းအပေါ် ကန့်ကွက်ဆန္ဒပြနေတဲ့ကျောင်းသားထုအတွက် တိုက်တွန်းအားပေးမှုဖြစ်ခဲ့ပြီး သူကိုယ်တိုင်ကလည်း အချိန်မနှောင်းသေးခင်လေးမှာ ရာသီဥတုပြောင်းလဲမှုပြဿနာကို အတူလက်တွဲဖြေရှင်းသင့်ကြောင်း လူထုကိုတိုက်တွန်းလှုံ့ဆော်ခဲ့ပါတယ်။

ဂါးဒီးယန်းသတင်းစာကတော့ ဂရက်တာရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး “ပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူကလေးငယ်တစ်ဦးက ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုပြဿနာကိုလျစ်လျူရှုထားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အတွက် သိပ္ပံပညာကိုမထီမဲ့မြင်မပြုဖို့ သတင်းစကားပါးလိုက်တဲ့လုပ်ရပ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။

Ref: CGTN “Greta Thunberg sailed across the Atlantic urging for climate protection”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top