ဟယ်လက်စ်အိုးပင်းမှာရှုံးနိမ့်ခဲ့တာကို ဘူလ်ဂေးရီးယားအိုးပင်း ရွှေတံဆိပ်ဆုနဲ့ ချေဖျက်မယ့် သက်ထားသူဇာ

67911319_2491442894232281_7581246176616251392_n.jpg

ဂရိနိုင်ငံမှာ ကျင်းပခဲ့တဲ့ Hellas International Open 2019 ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲမှာတော့ မလေးရှားကြက်တောင်မယ် ကီဆိုနာဆယ်ဗာဒူရေးက မြန်မာ့ဂုဏ်ဆောင်ကြက်တောင်မယ် သက်ထားသူဇာကို (၂၁-၁၄)၊ (၂၁-၉)နဲ့ အနိုင်ရခဲ့ပါတယ်။

သက်ထားသူဇာဟာ ဟယ်လက်စ်အိုးပင်းပြိုင်ပွဲအပြီးမှာ ဂရိနိုင်ငံကနေ ဘူလ်ဂေးရီးယားနိုင်ငံ၊ ဆိုဖီယာမြို့ကို ခရီးဆက်မှာဖြစ်ပြီး ဘူလ်ဂေးရီးယားအိုးပင်းပြိုင်ပွဲ (Bulgarian Open Championship 2019) ဆင်နွှဲမှာဖြစ်ပါတယ်။ ဘူလ်ဂေးရီးယားအိုးပင်းပြိုင်ပွဲကို သြဂုတ်လ (၁၂) ရက်နေ့ကနေ သြဂုတ်လ (၁၅) ရက်နေ့အထိ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Bulgarian Open Championship 2019 ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ပွဲစဉ်ဇယားရေးဆွဲမှုအရ သက်ထားသူဇာအနေနဲ့ ကီဆိုနာဆယ်ဗာဒူရေးကို မကျေပွဲပြန်နွှဲခွင့်ရမှာဖြစ်ပါတယ်။ ပွဲစဉ်ဇယားရေးဆွဲမှုအရ သက်ထားသူဇာအနေနဲ့ ကီဆိုနာဆယ်ဗာဒူရေးကို ဆီမီးဖိုင်နယ်မှာ တွေ့ဆုံမယ့်အနေအထားရှိနေပါတယ်။

သက်ထားသူဇာအနေနဲ့ ဟယ်လက်စ်အိုးပင်းမှာ ကြုံတွေ့ခဲ့တဲ့ရှုံးနိမ့်မှုကို ဘူလ်ဂေးရီးယားအိုးပင်းမှာ ရွှေတံဆိပ်ဆုယူပြီးချေဖျက်ဖို့ ရိုးရာလေးမိသားစုက ဆုတောင်းပေးပါတယ်။ ဘယ်တော့မှအရှုံးမပေးတဲ့ စိတ်ဓာတ်နဲ့ မြန်မာ့ဂုဏ်ဆောင်ဖို့ကြိုးစားနေတဲ့ သက်ထားသူဇာကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေကလည်း ဘူလ်ဂေးရီးယားအိုးပင်းပြိုင်ပွဲအတွက် ဆက်လက်အားပေးကြပါဦး။

Photo – Thet Htar Thuzar FB Page
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top