နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၁၆ ရက်၊ ညနေပိုင်းက မန္တလေးမြို့ သိပ္ပံလမ်းရှိ မန္တလေးကွန်ဗင်းရှင်းစင်တာ(MCC)တွင် အထက်မြန်မာနိုင်ငံမှ စာပေပညာရှင် ၈၅ ဦးနှင့် တွေ့ဆုံကာစာပေနှင့် နှီးနွယ်သည့် အကြောင်းအရာများကိုအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်ကစာပေသည် လူသားများ၏ အရေအကြီးဆုံးဖြစ်သည့် စိတ်ဓာတ်တော်လှန်ရေးအတွက် အဓိကကျကြောင်း၊ စိတ်ဓာတ်တော်လှန်ရေးကိုအများဆုံးပံ့ပိုးမှုပေးသည်မှာရသစာပေဖြစ်ပြီး ဒသနိက၊ သမိုင်းနှင့် နိုင်ရေးစာပေများလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။
ယခုကဲ့သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စာရေးဆရာများတွေ့ဆုံမှုသည် သုံးကြိမ်မြောက်ဖြစ်ပြီးနေပြည်တော်တွင် တစ်ကြိမ်၊ ရန်ကုန်တွင် တစ်ကြိမ်နှင့် မန္တလေးတွင် တစ်ကြိမ် ဖြစ်သည်။
KST (ရိုးရာလေး)