တိုင်းနှင့် ပြည်နယ် (၉) ခုတွင် တရားမဝင်ကုန်သွယ်မှုတန်ဖိုးငွေ ကျပ် (၁၁.၈၂၈) ဘီလျံထိဖမ်းဆီးနိုင်ခဲ့

local_02.jpg

တရားမဝင်ကုန်သွယ်မှု ငွေကျပ် ၁၁ ဒသမ ၈၂၈ ဘီလီယံဖမ်းဆီးနိုင်ခဲ့

နယ်စပ်ဒေသနှင့် ထိစပ်လျက်ရှိသည့် တိုင်းနှင့် ပြည်နယ် (၉) ခုတွင် တရားမဝင်ကုန်သွယ်မှုများ တားဆီးထိန်းချုပ်ရေးအထူးအဖွဲ့များဖွဲ့စည်း၍ ဖမ်းဆီးအရေးယူမှုများကိုဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဇွန်လအထိ ဖမ်းဆီးအရေးယူမှု(၆၆၉)ကြိမ်၊ ခန့်မှန်းတန်ဖိုးငွေကျပ် (၁၁.၈၂၈) ဘီလျံဖမ်းဆီးနိုင်ခဲ့ကြောင်း သြဂုတ် ၁၆ ရက်၊ နံနက်ပိုင်းကနေပြည်တော်တွင် ကျင်းပခဲ့သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

အဆိုပါအစည်းအဝေးသို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ကမ္ဘာ့တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအခြေအနေ အညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၈၄ နိုင်ငံအနက် ၈၂ နေရာတွင် ရပ်တည်နေပြီးရမှတ် ၂၃ မှတ်သာရရှိသည်ကိုတွေ့ရှိရကြောင်း၊ တရားမဝင်ကုန်သွယ်မှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအဓိကအဟန့်အတား ဖြစ်စေသောအချက်ထဲတွင် အဓိကကျသည့် အချက်တစ်ခုဖြစ်ကြောင်းပြောကြားခဲ့သည်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top