Blenheim Palace က တန်ဖိုးသန်းချီတဲ့ရွှေအိမ်သာ ခိုးယူမှုဖြစ်ပွားခဲ့

yyl-004-1.jpg

စက်တင်ဘာ (၁၄) ရက်နေ့က ဗြိတိသျှနိုင်ငံ၊ Blenheim Palace က (၁၈) ကာရက်ရှိတဲ့ ရွှေအိမ်သာကို ခိုးယူမှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီအိမ်သာက အနုပညာလက်ရာတစ်ခုအနေနဲ့ခင်းကျင်းပြသထားတာဖြစ်တယ်လို့လည်းသိရပါတယ်။

ဒီအိမ်သာရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ (၆) သန်းဝန်းကျင်ရှိပြီး အီတလီလူမျိုးအနုပညာရှင် မာရီဇီရို ကတ်တီလန် (Maurizio Cattelan) ရဲ့ လက်ရာလည်းဖြစ်ပါတယ်။ ခရီးသွားဧည့်သည်တွေအတွက် အဲဒါကိုပြီးခဲ့တဲ့ ကြာသပတေးနေ့ကမှ ဖွင့်ပေးထားခဲ့တာဖြစ်ပါတယ်။

ရွှေအိမ်သာရဲ့နာမည်က “America” လို့ အမည်ရပြီး အရင်တုန်းက နယူးယောက်ခ်မြို့ရဲ့ Guggenheim ပြတိုက်က အခန်းငယ်လေးထဲမှာ ပြသခဲ့ပါတယ်။ အဲဒီနေရာကို အလည်အပတ်လာတဲ့ ခရီးသွား (၁၀၀၀၀၀) ကျော်က အသုံးပြုလို့ရခဲ့ပါတယ်။

သူခိုးတွေက အနည်းဆုံးယာဉ် (၂) စီးနဲ့ နန်းတော်ထဲကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီး အိမ်သာကို ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။ “အိမ်သာက အဆောက်အဦးနဲ့ ရေပိုက်သွယ်ထားတာဖြစ်တဲ့အတွက် ပျက်စီးဆုံးရှုံးမှုများသလို ရေလျံမှုတွေလည်းဖြစ်ခဲ့တယ်” လို့ ထောက်လှမ်းရေးအရာရှိ ဂျက် မီးလ်နယ် (Jess Milne) က ပြောပါတယ်။

အိမ်သာခိုးယူခဲ့တဲ့သူတွေနဲ့ အချိတ်အဆက်ရှိတဲ့ (၆၆) နှစ်အရွယ်အမျိုးသားကြီးကို ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမဲ့ အနုပညာလက်ရာကတော့ ပြန်မရနိုင်ခဲ့ပါဘူး။ အဖိုးတန်အနုပညာလက်ရာဆုံးရှုံးရတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ Blenheim Palace ပြောပါတယ်။

Ref: AsiaOne “Thieves steal $6.9m gold toilet from Britain’s Blenheim Palace”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top