ခါဘီနဲ့ UFC ဥက္ကဋ္ဌက ပရဟိတဖောင်ဒေးရှင်းကို ဒေါ်လာ ၂ သန်း လှူဒါန်း

yyl-015-4.jpg

UFC လိုက်ဝိတ်ချန်ပီယံ ခါဘီနာမာဂိုမီဒေါ့ဗ်နဲ့ UFC ဥက္ကဋ္ဌ ဒါနာဝှိုက်တို့က သူတို့ရဲ့ကတိအတိုင်း အမေရိကန်သိုင်းပေါင်းစုံ ကစားသမား ဒက်စတင်ပိုရာရဲ့ The Good Fight Foundation အတွက် အမေရိကန်ဒေါ်လာ ၂၀၀၀၀၀ လှူဒါန်းပေးခဲ့ပါတယ်။ ရုရှားသိုင်းပေါင်းစုံ ကစားသမား ခါဘီဟာ UFC 242 ပြိုင်ပွဲမှာ ဒက်စတင်ပိုရာကို ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့ပြီး လိုက်ဝိတ်ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။

အဲဒီပွဲအပြီးမှာပဲ ဒက်စတင်ပိုရာရဲ့ ဖောင်ဒေးရှင်းကို ငွေကြေးလှူဒါန်းမယ်လို့ ခါဘီက ကြေညာခဲ့ပါတယ်။ ခါဘီဟာ ပွဲပြီးပြီးချင်း ဒက်စတင်ပိုရာရဲ့ပွဲအမှတ်တရဂျာစီကို ဝတ်ဆင်ခဲ့ပြီး အဲဒီဂျာစီကို လေလံတင်ရောင်းချမယ်လို့ ဆိုခဲ့ပါတယ်။ ဒါနာဝှိုက်ကလည်း ဒက်စတင်ပိုရာရဲ့ ဖောင်ဒေးရှင်းကို ခါလီ လှူသလောက် လှူပေးမယ်လို့
ကတိပြုခဲ့ပါတယ်။ ခါဘီက The Good Fight Foundation ကို အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ လှူဒါန်းခဲ့ပြီး ဒါနာဝှိုက်က နောက်ထပ် ၁၀၀၀၀၀ လှူဒါန်းခဲ့လို့ စုစုပေါင်းလှူဒါန်းငွေက ၂၀၀၀၀၀ ဖြစ်သွားခဲ့ပါတယ်။ The Good Fight Foundation ကို ဒက်စတင်ပိုရာနဲ့ ဇနီးဖြစ်သူ ဂျိုလီတို့က ၂၀၁၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top