ဗာဒီ ကစားသမားဘဝ စတင်ခဲ့တဲ့ကလပ်က သူ့ရဲ့နာမည်ကို ပွဲကြည့်စင်ပေါ်ကနေ ဖယ်ရှားဖွယ်ရှိနေ

29-7-2002-yyl-029.jpg

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရွှေဖိနပ်ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ လက်စတာတိုက်စစ်မှူး ဗာဒီဟာ သူ့ရဲ့ ကစားသမားဘဝ စတင်ခဲ့တဲ့ စတော့ဘရစ်ချ်ပါ့ခ်စတီး ဘောလုံးအသင်းရဲ့ ပင်မပွဲကြည့်စင်ကနေ အမည်ဖယ်ရှားခံရဖွယ်ရှိနေပါတယ်။ မြောက်ပိုင်းပရီးမီးယားလိဂ်မှာ ကစားနေတဲ့ စတော့ဘရစ်ချ်ပါ့ခ်စတီးအသင်းဟာ ဘဏ္ဍာရေးအခက်အခဲ ကြုံတွေ့နေပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အခြေအနေ ပိုဆိုးလာချိန်မှာ ဗာဒီက အကူအညီမပေးလို့ စိတ်ပျက်နေပါတယ်။

၂၀၁၅ ခုနှစ်မှာ ဗာဒီက မန်ယူတိုက်စစ်မှူးဟောင်း ရုဒ်ဗန်နစ္စတယ်ရွိုင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့စံချိန်ကို ချိုးဖျက်နိုင်ချိန်မှာ စတော့ဘရစ်ချ်ပါ့ခ်စတီးအသင်းက ဗာဒီကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့ရဲ့ပင်မပွဲကြည့်စင်ကို ဂျေမီဗာဒီပွဲကြည့်စင်လို့ အမည်ပေးခဲ့တာပါ။ ဒါပေမဲ့ ဘဏ္ဍာရေးအခက်အခဲကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့ စတော့ဘရစ်ချ်ပါ့ခ်စတီးဟာ ပွဲကြည့်စင်အမည် စပွန်ဆာရှာဖွေနေပြီး ဗာဒီရဲ့အမည်ကို ဖယ်ရှားဖွယ်ရှိနေပါတယ်။ ” စပွန်ဆာရမယ်ဆိုရင်တော့ ပွဲကြည့်စင်ပေါ်က ဗာဒီရဲ့နာမည်ကို ဖယ်ရှားရမှာပါ။ ဒါက မျှတပါတယ်။ ကပ်ဘေးကြောင့် ကျွန်တော်တို့ဝင်ငွေအကုန်နီးပါး ရပ်တန့်သွားလို့ လောလောဆယ်မှာ ကျွန်တော်တို့ တတ်နိုင်သလောက် ဝင်ငွေရှာဖို့ လိုအပ်ပါတယ်”လို့ စတော့ဘရစ်ချ်ပါ့ခ်စတီးအသင်းဥက္ကဋ္ဌ ဂရေဟမ်ဖာနက်စ်က ပြောပါတယ်။

Nz (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top