အဲရစ်ဆင်အတွက် အင်တာမီလန်ရဲ့ကမ်းလှမ်းမှုကို စပါးအသင်း ပယ်ချ

yyl-033-5.jpg

ကွင်းလယ်လူ အဲရစ်ဆင်အတွက် အင်တာမီလန်အသင်းရဲ့ ပေါင် ၁၀.၅ သန်းတန် ကမ်းလှမ်းမှုကို စပါးအသင်းက ပယ်ချခဲ့ပါတယ်။ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်နဲ့ စပါးအသင်း ချုပ်ဆိုထားတဲ့ စာချုပ်က လာမယ့်နွေရာသီမှာ သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ သူ့အနေနဲ့ အခုချိန်ကစပြီး ပြည်ပကလပ်တွေနဲ့ ဆွေးနွေးခွင့်ရှိနေပါပြီ။ အင်တာမီလန်အသင်းက အဲရစ်ဆင်ရဲ့ အေးဂျင့်တွေနဲ့ ဆွေးနွေးမှုလုပ်ခဲ့သလို ဒီနေ့လည်း ထပ်ပြီးဆွေးနွေးဖို့ ရှိနေပါတယ်။

စပါးအသင်းမှာ ဒဏ်ရာရကစားသမား များပြားနေတာကို သတိထားမိတဲ့ အင်တာမီလန်အသင်းက အဲရစ်ဆင်ကို ခေါ်ယူနိုင်ဖို့ ကစားသမားတွေ အလိုက်ပေးကမ်းလှမ်းနိုင်မလားဆိုတာကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ စပါးအသင်းကနေ ထွက်ခွာဖို့ နီးစပ်နေပေမဲ့ ပရော်ဖက်ရှင်နယ် ပီပီသသ ကစားခဲ့တဲ့ အဲရစ်ဆင်ကို စပါးနည်းပြ မော်ရင်ဟိုက ချီးကျူးခဲ့ပါတယ်။ “သူ ကစားတာ အရမ်းကောင်းတယ်။ ပရော်ဖက်ရှင်နယ် အရမ်းပီသတယ်။ သူက အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားရင်တောင် အသင်းအတွက် အစွမ်းကုန်ကြိုးစားပေးခဲ့လို့ ခေါင်းမော့ပြီး ထွက်သွားလို့ရပါတယ်’’လို့ မစ်ဒယ်ဘရော့ကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ မော်ရင်ဟိုက ပြောပါတယ်။ အဲရစ်ဆင်ကို မန်ယူ၊ ပီအက်စ်ဂျီအသင်းတွေအပါအဝင် ဥရောပထိပ်တန်းအသင်း တော်တော်များများက စိတ်ဝင်စားခဲ့ပြီး အခုအခါမှာတော့ အင်တာမီလန်က သူ့ကိုခေါ်ယူဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top