ဦးနှောက်ဖွံ့ဖြိုးမှုအကောင်းဆုံးကာလသည် အသက်(၂)နှစ်အထိသာဖြစ်၍ ကလေးများကို စနစ်တကျ ပြုစုစောင့်ရှောက်ရန်လိုအပ်သည့်အတွက် MCCT အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးတွင် ဆောင်ရွက်မည့် ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းမှမွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (Maternal and Child Cash Transfer – MCCT)ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးနှောက်ဖွံ့ဖြိုးမှုအကောင်းဆုံးကာလသည် အသက်(၂)နှစ်အထိသာဖြစ်၍ ကလေးများကို စနစ်တကျ ပြုစု စောင့်ရှောက်ရန်လိုအပ်သည့်အပြင် ထိုကာလတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အနာဂတ်အတွက် အကျိုးအမြတ် သေချာသော လုပ်ငန်းတစ်ခုဖြစ်ကြောင်းကိုလည်း နိုင်ငံတကာသုတေသနရလဒ်များအရ သိရှိရသည်ဟုလည်း ဝန်ကြီးက ဆိုသည်။
MCCT အစီအစဉ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရမည်ဖြစ်သော်လည်း ဘဏ္ဍာငွေ အကန့် အသတ်များကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ပုညှက်မှုအညွှန်းကိန်းများအရ ဦးစားပေးအလိုက် ဆောင်ရွက် သွားမည်ဖြစ်ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တတိယ(၃)လပတ်မှစ၍ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်တို့မှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်သည်။
KST (ရိုးရာလေး)