Samsung က Galaxy S20 စီးရီးနှင့် Galaxy Z Flip စမတ်ဖုန်း ကိုစတင်မိတ်ဆက်

004.jpg

ရန်ကုန် ဖေဖော်ဝါရီ ၂၉
Samsung ရဲ့ နောက်ဆုံးပေါ်စမတ်ဖုန်းအမျိုးအစားသစ်များဖြစ်တဲ့ Galaxy S20, S20+, S20 Ultra နဲ့ Galaxy Z Flip စမတ်ဖုန်းများကို ဖေဖော်ဝါရီ ၂၈ ရက်၊ ညနေပိုင်းက ပြည်လမ်းမှာရှိတဲ့ Lotte ဟိုတယ်မှာ စတင်မိတ်ဆက်ပြသခဲ့ပါတယ်။

ဒီမိတ်ဆက်ပွဲအခမ်းအနားမှာ နိုင်ငံတော်ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်များ ဖြစ်တဲ့ အကယ်ဒမီနေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ G-Fatt နဲ့ အောင်ထက်တို့အပြင် အခြားသော အမျိုးသမီးသရုပ်ဆောင်အနုပညာရှင်များလည်း တက်ရောက်ခဲ့ကြပါတယ်။
အခုလိုမိတ်ဆက်လိုက်တဲ့ စမတ်ဖုန်းအသစ်တွေဟာ အခြားဘယ်နေရာမှာမှ ရှာလို့မရနိုင်တဲ့ ပရော် ဖက်ရှင်နယ်အဆင့် ကင်မရာတွေ၊ ဆန်းသစ်ခေတ်မီတဲ့လုပ်ဆောင်ချက်တွေနဲ့အတူ အနာဂတ်သစ်ဆီကို ခေါ်ဆောင်ပေးသွားနိုင်မှာဖြစ်တယ်လို့ Samsung က ဆိုပါတယ်။


Galaxy S20 Series စမတ်ဖုန်းအသစ်တွေကို ဖေဖော်ဝါရီ ၂၈ ရက်ကစတင်ပြီး ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီးတော့ S20 ကို ၁၄၄၉၀၀၀ ကျပ်၊ S20+ ကို ၁၅၄၉၀၀၀ ကျပ်၊ S20 Ultra ကို ၁၉၅၉၀၀၀ ကျပ်နဲ့ ဝယ်ယူ ရရှိနိုင်မှာ ဖြစ်ပါတယ်။
Galaxy Z Flip စမတ်ဖုန်းကိုတော့ မတ်လကုန်မှ စတင်ရောင်းချသွားမှာဖြစ်ပြီး မြန်မာငွေကျပ် ၂၂ သိန်းနဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ အခုလိုဝယ်ယူတဲ့နေရာမှာ A Bank, CB Bank တို့နဲ့ချိတ်ဆက်ပြီး အရစ်ကျ ပေးသွင်းစနစ်နဲ့လည်း ဝယ်ယူနိုင်မှာဖြစ်ပါတယ်။


Galaxy S20, S20+, S20 Untra နဲ့ Galaxy Z Flip တို့ရဲ့ အသေးစိတ်အချက်အလက်တွေကို သိချင်ရင်တော့ Samsung Website ဖြစ်တဲ့ www.samsung.com မှာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top