ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းရင်း ရေနစ်ခဲ့တဲ့အမျိုးသား

yyl-037-4.jpg

တန်ဇန်နီးယားပြည်နယ်က အပန်းဖြေစခန်းတစ်ခုမှာ အမေရိကန်အမျိုးသားတစ်ဦးက သူ့ကောင်မလေးကို လက်ထပ်ခွင့်တောင်းရင်းနဲ့ ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စတီဖင် ဝက်ဘ်ဘာက ဟိုတယ်အခန်းရဲ့ရေအောက်ပြတင်းပေါက်ကနေတဆင့် သူ့ကောင်မလေး ကီနီရှာ အန်တိုနင်ကို လက်ထပ်ခွင့်တောင်းခဲ့တာပါ။ အဲဒီလက်ထပ်ခွင့်တောင်းတဲ့ဗီဒီယိုကို သူ့ကောင်မလေးက သူ့ရဲ့ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ တင်ခဲ့ပါတယ်။

“ရှင် ဒီလိုနက်တဲ့နေရာကနေ ဘယ်တော့မှ ပေါ်လာမှာမဟုတ်တော့ဘူး။ အဲဒါကြောင့် ‘Yes’ ရှင့်ကိုလက်ထပ်မယ်”လို့ အခါတစ်သန်းဖြေတာတောင် ရှင်ကြားနိုင်မှာမဟုတ်ဘူး”လို့ ဝမ်းနည်းစွာနဲ့ ရေးသားရင်း စတီဖင် ဝက်ဘ်ဘာရဲ့သေဆုံးမှုကို အတည်ပြုခဲ့ပါတယ်။

သူ့ရဲ့ဗီဒီယိုမှာ ဝက်ဘ်က ရေအောက်မှန်ခန်းဘက်ကို ရေကူးလာပြီး ကောင်မလေးမြင်နိုင်အောင် “မင်းနဲ့ပတ်သက်တဲ့အရာအားလုံးကို ငါ့ချစ်တယ်။ နေ့တိုင်းနေ့တိုင်း မင်းကို ပိုပိုပြီးချစ်လာတယ်။ ကျေးဇူးပြုပြီး ငါ့ဇနီးဖြစ်ပေးပါ။ ငါ့ကိုလက်ထပ်ပါ”ဆိုတဲ့ လက်ရေးနဲ့ရေးထားတဲ့စာသားပြထားပါတယ်။ အဲဒီနောက်မှာ လက်စွပ်လေးထုတ်လိုက်ပါတယ်။ ရိုက်ကူးထားတဲ့ဗီဒီယိုလေးကတော့ အဲ့အထိပဲပါခဲ့ပါတယ်။

လက်ထပ်ခွင့်တောင်းရင်းနဲ့ ဘယ်လိုဖြစ်သွားခဲ့တယ်ဆိုတာကတော့ မရှင်းလင်းခဲ့ပါဘူး။ “ကျွန်မတို့ ဘဝကိုအတူတူရှေ့ဆက်နိုင်ခွင့်မရှိတော့သလို နောက်ဆုံးထွက်သက်ထိအတူတူမရှိနိုင်တော့ပါဘူး။ ကျွန်မတို့ဘဝရဲ့အကောင်းဆုံးနေ့က အဆိုးဆုံးဖြစ်သွားခဲ့ပါတယ်”လို့်လည်း အန်တိုနင်က ရေးသားထားပါတယ်။

“အမျိုးသားဧည့်သည်တစ်ဦး ရေအောက်အခန်းမှာ တစ်ယောက်တည်းရေငုပ်ရင်း စိတ်မကောင်းစွာနဲ့ပဲ ရေနစ်သေဆုံးခဲ့တယ်”လို့ ဟိုတယ်ပိုင်ရှင်က ပြောပါတယ်။ စုံတွဲတွေက အပန်းဖြေစခန်းရဲ့ Underwater Room (တစ်ညကို အမေရိကန်ဒေါ်လာ ၁၇၀၀)မှာ တည်းခိုကြပါတယ်။ အဲအခန်းရဲ့အိပ်ရာကို သမုဒ္ဒရာကိုကြည့်လို့ရအောင် မှန်ခန်းတွေနဲ့ကာရံထားပါတယ်။

လက်ရှိမှာတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးနေကြပါတယ်။ ရေအောက်အခန်းမှာ လက်ထပ်ခွင့်တောင်းရင်းနဲ့ ရေနစ်သွားခဲ့ပုံရပါတယ်။ အမှတ်တရတွေဖန်တီးရင်းနဲ့ အခုလိုဖြစ်သွားတာ စိတ်မကောင်းစရာပါပဲ။

Ref :AsiaOne “US man drowns while proposing underwater to girlfriend at Tanzanian luxury resort”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top