Vivo က V7+ ကို အရင်ဦးဆုံး မိတ်ဆက်ခဲ့ပြီး နိုဝင်ဘာလလယ်ပိုင်းကတော့ V7 ကိုဈေးကွက်ထဲ ထပ်တင်သွင်းခဲ့ပါတယ်။
V7+ ကို ဝယ်ပြီးသားသူတွေကတော့ V7 ထွက်လာလည်း သိပ်ပြီးရင်မခုန်ကြဘူးဆိုပေမဲ့ အခုမှ ဝယ်ဖို့ စိတ်ကူးသူတွေကတော့ ဒီဖုန်း ၂ လုံးကြား ကြား ကွာခြားမှုကို သိထားဖို့ လိုပါတယ်။
V7+ နဲ့ V7 ဖုန်းနှစ်လုံးက အဓိက အားသာချက်တွေမှာ ကြီးကြီးမားမား မကွာကြပါဘူး။ အဓိက အားသာချက် နှစ်ခုဖြစ်တဲ့ 24MP အရှေ့ကင်မရာနဲ့ FullViewTM Display ချင်းက တူတူပါပဲ။ တိတိကျကျပြောမယ်ဆိုရင်တော့ V7+ ရဲ့ မျက်နှာပြင် အရွယ်အစားက 5.99 လက်မဖြစ်ပြီး၊ V7 ရဲ့ မျက်နှာပြင် အရွယ်အစားကတော့ 5.7 လက်မပါ။ အခြေခံအားဖြင့် သုံးထားတဲ့ Processor နှစ်ခုစလုံးက Qualcomm Octa-core Snapdragon 450 တွေပါ။ RAM 4GB ချင်းလည်း တူညီတာကြောင့် Performance ပိုင်းမှာတော့ အများကြီးကွာဟမှု ရှိမှာ မဟုတ်ပါဘူး။
V7+ နဲ့ V7 အကြား ကွာဟချက်တစ်ခုက သိုလှောင်မှုပိုင်း ဖြစ်ပါတယ်။ V7+ က 64GB ဖြစ်ပြီး၊ V7 ကတော့ 32GB ပါ။ ပမာဏထပ်ပြီးတိုးမယ်ဆိုရင်တော့ နှစ်ခုစလုံးက microSD Card နဲ့ 256GB အထိ တိုးမြှင့်နိုင်ပါတယ်။ နောက်ထပ် ကွာခြားချက်ကတော့ ဘက်ထရီပါ။ V7+ က 3225mAh ဖြစ်ပြီး V7 ကတော့ 3000mAh ဖြစ်ပါတယ်။ Processor တူညီနေတဲ့အတွက် မျက်နှာပြင် အရွယ်အစားအလိုက် သင့်တော်တဲ့ ဘက်ထရီစွမ်းအင်ကို ထည့်သွင်းပေးထားတယ်လို့ ယူဆရပါတယ်။ လက်တွေ့ စမ်းသပ်ချက်တွေအရတော့ V7+ ရော V7 ပါ စွမ်းအင်ခြွေတာပြီး ဘက်ထရီ အသုံးခံတာကို တွေ့ရပါတယ်။ Operating System အနေနဲ့ကတော့ နှစ်မျိုးစလုံးက Funtouch OS 3.2 (based on Android 7.1) ကို အသုံးပြုထားပါတယ်။ Fingerprint, Face Access စတာတွေနဲ့ ကျန်တဲ့အပိုင်းတွေလည်း အတူတူပါပဲ။
V7 မှာ Hi-Fi audio chip ကို မထည့်ပေးထားပါဘူး။ ဒီတစ်ချက်ကတော့ Vivo ရဲ့ Hi-Fi audio အရည်အသွေးကို နှစ်သက်သူတွေအတွက် V7+ ကို ဝယ်သင့်ပါတယ်။ ဈေးနှုန်းအားဖြင့် နှိုင်းယှဉ်မယ်ဆိုရင် ကျပ် ၈၀,၀၀၀ အထိ ကွာနေပါတယ်။ ဒါပေမဲ့ အဓိက အားသာချက်တွေဖြစ်တဲ့ 24MP အရှေ့ကင်မရာ၊ FullViewTM Display တွေ ရရှိတာကတော့ အတူတူပါပဲ။ ကွာခြားချက် အနည်းငယ်ပဲ ရှိတာကိုတွေ့ရတာကြောင့် ဝယ်ယူမယ့်သူရဲ့ ရွေးချယ်မှုကပဲ အဓိကဖြစ်ပါတယ်။
Team (ရိုးရာလေး)