၂၀၁၇ ခုနှစ်ဟာ ထူးချွန်ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေကို ရုပ်ရှင်ဖန်သားပြင်မှာ ချပြဖို့ ကြိုးစားနေကြတဲ့ တက်သစ်မင်းသားတွေရဲ့အနုပညာလမ်းကြောင်း စတင်မွေးဖွားတဲ့နှစ်ပါ။ ဒီနှစ်အတွင်း ကိုရီးယားဒရာမာဇာတ်လမ်းတွဲတွေထဲမှာ ချစ်ဖို့ကောင်းတဲ့သရုပ်ဆောင်ဟန်ပန်နဲ့ ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းမှတဆင့် ပရိသတ်တခဲနက်အားပေးမှုကိုရခဲ့တဲ့ မင်းသား (၇) ဦးရှိပါတယ်။
၁။ Woo Do Hwan
Woo Do Hwan ဟာ ဒီနှစ်ထဲမှာ OCN ရုပ်သံက ထုတ်လွှင့်တဲ့ “Save Me” ဇာတ်လမ်းတွဲ နှင့် KBS 2 ရုပ်သံကထုတ်လွှင့်တဲ့ “Mad Dog” ဇာတ်လမ်းတွဲ မှတဆင့် အင်တာနက်အသုံးပြုသူတော်တော်များများရဲ့ ကြည့်ရှုအားပေးမှုကိုရရှိခဲ့သူပါ။ Woo Do Hwan ဟာ ဒရာမာတစ်ခုချင်းစီမှာ သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်တွေ မတူညီပေမယ့် အပီပြင်ဆုံး သရုပ်ဆောင်သူခဲ့ပါ။
၂။ Yang Se Jong

Yang Se Jong ဟာ SBS ရုပ်သံကထုတ်လွှင့်တဲ့ “Temperature of Love” ဇာတ်လမ်းတွဲမှာ ချစ်ဖို့ကောင်းတဲ့ စရိုက်ပုံစံလေးနဲ့ ပြတ်သားတဲ့မျက်နှာအမူအရာတွေကြောင့် အမာခံပရိသတ်တွေ အများကြီးကို ဆွဲဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။
၃။ Jung Hae In

“While You Were Sleeping” ဇာတ်လမ်းတွဲမှာ ချစ်ဖို့ကောင်းတဲ့ အပြုံးနဲ့ စွဲမက်ဖွယ်အသံလေးတွေကြောင့် ပရိသတ်တိုင်းရဲ့အားပေးမှုကို ခံရသူပါ။
၄။ Jang Gi Yong

Confession Couple ဇာတ်လမ်းတွဲ နဲ့ပရိသတ်တွေရဲ့ အားပေးမှုရရှိခဲ့သူပါ။ မာန်ပါတဲ့ သူ့ရဲ့ ဇာတ်ရုပ်နဲ့ ကောလိပ်ကျောင်းသားတစ်ယောက်ရဲ့ အချစ်နဲ့ပတ်သက်တဲ့ ခံစားချက်ကိုတမူထူးခြားစွာ ဖော်ပြသွားပုံတွေကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့သူပါ။
၅။ Kim Min Seok

Kim Min Seok ကဒီနှစ်ထဲမှာအကောင်းဆုံး တက်သစ်စ သရုပ်ဆောင်ဆု ( the Best New Actor) နဲ့ အောင်မြင်မှုကို ဆွတ်ခူးပြီးကျော်ကြားလာသူပါ။ Defendant ဇာတ်လမ်းတွဲမှာ ပြန်ပေးဆွဲသမားတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေအတိုင်း ဇာတ်ရုပ်တူအောင်အကောင်းဆုံးသရုပ်ဆောင်ပြီး ပရိသတ်အများကြီး ရရှိခဲ့ပါတယ်။
၆။ Kim Min Jae

Hit The Top ဇာတ်လမ်းတွဲမှာ အချစ်ဆုံးသူငယ်ချင်းနဲ့ ၁၃ နှစ်ကြာ ချစ်ကြိုက်နေတဲ့ အလုပ်သင် သရုပ်ဆောင် ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ခဲ့ပါတယ်။ ချစ်ဖို့ကောင်းတဲ့မျက်နှာနဲ့ အသံလေးကြောင့် ကြည့်ရှုသူတိုင်းက သူ့ကိုချစ်လာစေပါတယ်။
၇။ Kim Jung Hyun

School 2017 ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ပြီး နှလုံးသားတွေအရည်ပျော်မတတ် ဖမ်းစားနိုင်တဲ့ မျက်နှာနဲ့ အပြစ်ကင်းတဲ့သရုပ်ဆောင်ဟန်တွေ သုံးပြီး ပရိသတ်ကြီးကို ဆွဲဆောင် နိုင်ခဲ့သူတစ်ယောက်ပါ။
May Moe (ရိုးရာလေး)
Ref : Entertainment : 7 Rookie K-Drama Actors Who Stole Everyone’s Hearts in 2017

