ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို သက်သာပျောက်ကင်းစေမဲ့ ရေနွေးကြမ်း (၄) မျိုး

yyl-023-10.jpg

ရင်ပြည့်ရင်ကယ်ဖြစ်လာရင် အစာအိမ်မှာ အစာတွေပြည့်အင်နေသလိုခံစားရပြီး အဲဒီအခါမျိုးဆို အတော်လေး နေရထိုင်ရခက်ပါတယ်။ ဗိုက်ကြီးဖောင်းကာလာသလိုခံစားရပါတယ်။ ဒီခံစားချက်ကို ကျွန်တော်တို့ ကျော်လွှားပစ်ခြင်ရင် တချို့ကတော့ ဆေးသောက်ကြသလို တချို့ကတော့ ဆေးဘက်ဝင်ပင်တွေနဲ့လုပ်ထားတဲ့ ရေနွေးကြမ်းကို သောက်သုံးကြပါတယ်။ ဆေးသောက်ရမှာ ကြောက်တယ်ဆိုရင်တော့ အောက်မှာဖော်ပြပေးမဲ့ ရေနွေးကြမ်းတွေကို သောက်သုံးလို့ရပါတယ်။

နနွင်းရေနွေးကြမ်း

ဘယ်လိုအစာအိမ် ပြဿနာပဲဖြစ်ဖြစ် နနွင်းရေနွေးကြမ်းက မပါမဖြစ်ပါပဲ။ နနွင်းက ရောင်ရမ်းနီမြန်းခြင်းကို တိုက်ဖျက်ပေးတဲ့၊ အန်တီအောက်စီဒန့်ဓာတ်တွေပါဝင်တဲ့ အစွမ်းထက်အမွေးအကြိုင်တစ်မျိုးပါ။ အဲဒီရေနွေးထဲကို ငရုတ်ကောင်းမှုန့်ထည့်သောက်မယ်ဆိုရင် နနွင်းမှာ ပါရှိတဲ့အာဟာရဓာတ်ကို စုတ်ယူအားကောင်းစေပါတယ်။ လေထိုးလေအောင့်တာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာတွေလို အစာအိမ်ပြဿနာတွေကို ပြေလျော့သွားအောင်လည်း ကူညီပေးပါတယ်။

စမုန်စပါးရေနွေးကြမ်း

စမုန်စပါးစေ့ကို ဗိုက်နာတာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ ဝမ်းချုပ်တာကဲ့သို့ အစာအိမ်ပြဿနာတွေကို ကုသပေးရာမှာ အရင်ကတည်းက အသုံးပြုခဲ့တာပါ။ စမုန်စပါးစေ့က အစာအိမ်ပြဿနာတွေကို သက်သာသွားစေနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ပူစီနံရွက်နဲ့ရေနွေးကြမ်း

ပူစီနံရွက်က အစာအိမ်ပြဿနာတွေကို သက်သာအောင် ကူညီပေးမဲ့ အေးမြလန်းဆန်းတဲ့အရသာရှိပါတယ်။ ပူစီနံရွက်က လေအောင့်ခြင်းမဖြစ်အောင်လည်း ကူညီပေးနိုင်သလို ရင်ပြည့်ရင်ကယ်ဖြစ်ရင်လည်း သက်သာသွားစေနိုင်ပါတယ်။

ချင်းရေနွေးကြမ်း

ချင်း (ဂျင်း) က အစာအိမ်နဲ့ဆက်စပ်တဲ့ပြဿနာတွေကို ကုသတဲ့နေရာမှာ အရမ်းအစွမ်းထက်ပါတယ်။ တချို့လူတွေက ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ မအီမသာဖြစ်တာတွေကို ပြေလျော့စေဖို့ ချင်းကို ဖြည့်စွက်စာအဖြစ် အသုံးပြုကြပါတယ်။ ချင်းက ရင်ပြည့်ရင်ကယ်ဖြစ်တာကို ဖယ်ရှားပေးနိုင်တဲ့ Gingerol ဆိုတဲ့ ဒြပ်ပေါင်းပါဝင်ပါတယ်။ ဒါ့အပြင် အန်တီအောက်စီဒန့်ဓာတ်ပမာဏ ပိုပြီး ပါဝင်တဲ့အတွက် ချင်းရေနွေးကြမ်းလုပ်တဲ့အခါ ချင်းလတ်လတ်ဆတ်ဆတ်ကို အသုံးပြုသင့်ပါတယ်။

Ref: teas that can help to reduce your bloating

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top