Myanmar’s Pride Awards 2019 ရဲ့ ရုပ်ရှင်နဲ့အနုပညာ ကဏ္ဍအတွက် ဆန်ကာတင်စာရင်းဝင်များ အကြောင်း သိကောင်းစရာ

film-mm.jpg

ရုပ်ရှင်ဆိုတာဟာ လူသားတွေဖန်တီးထားတဲ့ အဆင့်မြင့်အနုပညာတစ်ခုပါ။ ‘ရုပ်ရှင်’ ဆိုတဲ့ သူ့နာမည်အတိုင်းပဲ အဲဒါကို အသက်ရှိတဲ့အရာတစ်ခုလို့ ဆိုနိုင်ပါ တယ်။ ဒါပေမယ့် အသက်သွင်းပေးသူ သရုပ်ဆောင်တွေသာမရှိရင် ရုပ်ရှင်ဟာ စာရွက်ပေါ်က ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်နေမှာပါ။ သရုပ်ဆောင်တစ်ဦးရဲ့ တာဝန်ဟာ ဇာတ်ကောင်တစ်ခုကို အသက်သွင်းပုံဖော်ဖို့ထက် များစွာသာလွန်ပါတယ်။ ကိုယ့်ပင်ကိုယ်သဏ္ဌာန်ကို ဖျောက်ပြီး ကိုယ်မဟုတ်တဲ့ အခြားသူ တစ်ယောက်အဖြစ်ပြောင်းလဲဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ သရုပ်ဆောင်ကောင်းတစ်ယောက်ဟာ ကိုယ်အသက်သွင်းမယ့်ဇာတ်ကောင်ရဲ့ စိတ်ဝိညာဉ်ကို နက်နက်နဲနဲ ခံစားလေ့လာပြီး အသက်ဝင်အောင်ပုံဖော်ရင်း ဇာတ်လမ်းရဲ့ရသကို ကြည့်ရှုသူတွေဆီ ဆောင်ကျဉ်းပေးနိုင်စွမ်းရှိသူ ဖြစ်ပါတယ်။

ဟောလီဝုဒ်မင်းသားကြီးတစ်ဦးဖြစ်တဲ့ Johnny Depp ဟာဆိုရင်လည်း မတူညီတဲ့ အစွန်းရောက်ဇာတ်ရုပ်တွေကို ပိရိပိုင်နိုင်စွာ သရုပ်ဆောင်နိုင်သူ အဖြစ် ထင်ရှားပြီး တစ်ကမ္ဘာလုံးကပါ လေးစားရတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ အလားတူပဲ မင်းသမီးတွေ ထဲမှာဆိုရင် မင်းသမီးကြီး Meryl Streep ဟာ ကမ္ဘာတစ်လွှားက အသိအမှတ်ပြုလေးစားအားကျရတဲ့ ထူးချွန်တဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း လူအများလေးစားရလောက်အောင် ထူးချွန်တဲ့ သရုပ်ဆောင်ကောင်းတွေရှိတယ်ဆိုတာ ငြင်းမရပါဘူးနော်။ Myanmar’s Pride Awards ကဆိုရင် ၂၀၁၉ ခုနှစ်အတွက် ထူးချွန်ထင်ရှားပြီး နိုင်ငံတကာမှာပါ မြန်မာကို ကိုယ်စားပြုနိုင်တဲ့ တိုင်းပြည်က ဂုဏ်ယူရတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ ကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးပမ်းနေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ ဆုရွေးချယ် ပေးအပ်ရေး အဖွဲ့ကနေမှ ဆန်ကာတင်အမည်စာရင်းကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ရုပ်ရှင်နဲ့အနုပညာကဏ္ဍအတွက် အကဲဖြတ်ဒိုင်လူကြီးတွေက သရုပ်ဆောင်လေးဦးကို ရွေးပေးခဲ့ပါတယ်။ ဆန်ကာတင်စာရင်းမှာ ပါဝင် တဲ့သူတွေကတော့ ထပ်ဆင့်အကယ်ဒမီနေတိုး၊ ထပ်ဆင့် အကယ်ဒမီဝတ်မှုန်ရွှေရည်၊ အကယ်ဒမီ ပိုင်ဖြိုးသုနဲ့ ဒေါင်းတို့ပဲ ဖြစ်ပါတယ်။

ထပ်ဆင့်အကယ်ဒမီနေတိုး (F13)

နေတိုးဟာ မြန်မာနိုင်ငံရဲ့အကျော်ကြားဆုံးသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး အကယ်ဒမီဆု (၃) ဆု ကိုလည်း ဆွတ်ခူးပိုင်ဆိုင် ထားသူ ဖြစ်ပါတယ်။ နှင်းဆီ အငြိမ့်ရန်ပုံငွေဖျော်ဖြေပွဲများမှာလည်း ပါဝင်ကပြခဲ့ပြီး ပြည်ပမှာလည်း သွားရောက်ဖျော်ဖြေခဲ့ပါသေးတယ်။ နေတိုးက နိုင်ငံတကာ ပူးပေါင်း တင်ဆက်မှု အမြောက်အမြားနဲ့ အနုပညာလှုပ်ရှားမှုများစွာကို လုပ်ကိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ခေါင်းဆောင် မင်းသားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ “မီ” ရုပ်ရှင် ဇာတ်ကားဟာ နိုင်ငံတကာရုပ်ရှင်ရုံများမှာ ပြသရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

ထပ်ဆင့်အကယ်ဒမီဝတ်မှုန်ရွှေရည် (F31)

ထပ်ဆင့်အကယ်ဒမီဝတ်မှုန်ရွှေရည်ဟာ အနုပညာလောကမှာ နိုင်ငံကျော်ရုပ်ရှင်မင်းသမီးအဖြစ် ဒီနေ့အထိ ဆယ်စုနှစ်တစ်ခုကျော် ရပ်တည်နေပြီး အကယ် ဒမီဆု (၂) ဆု ကိုဆွတ်ခူးထားသူလည်း ဖြစ်ပါတယ်။ သူမရဲ့သရုပ်ဆောင်ပညာကို နိုင်ငံရပ်ခြားရုပ်ရှင်အဖွဲ့တို့က အသိအမှတ်ပြုခဲ့ကြပြီး ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ တို့နှင့် ပူးပေါင်းရိုက်ကူးသည့် ရုပ်ရှင်ဇာတ်ကားများမှာလည်း ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခဲ့ပါတယ်။ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည် ပါဝင် သရုပ်ဆောင်ခဲ့သည့် မြန်မာ-ဂျပန် ရုပ်ရှင် My Country My Home ကို Osaka Asian Film Festival နှင့် Japanese network, NHK မှာ ပြသခဲ့ ပါတယ်။ မြန်မာ – ထိုင်း ရုပ်ရှင် The Only Mom အတွက် ၂၀၁၉ ခုနှစ် Asian Academy Creative Award မှာ Best Actress in a Leading Role အနေနဲ့ ဆုရ ရှိခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာကျင်းပတဲ့ Asia Model Festival 2019 မှာလည်း Asia Special Award Winner ဆုကိုလည်း ရရှိခဲ့ပါ တယ်။

အကယ်ဒမီပိုင်ဖြိုးသု (F22)

ပိုင်ဖြိုးသုဟာ နိုင်ငံကျော်ရုပ်ရှင်မင်းသမီးတစ်လက်ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ဆေးတက္ကသိုလ်(၁) ကနေ M.B.B.S ဘွဲ့အပြင် ၂၀၁၉ ခုနှစ်မှာ New York Film Academy မှ Diploma in Acting လက်မှတ်ကို ရရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ အမျိုးသမီးဇာတ်ပို့ဆု အတွက် (၂) နှစ်ဆက်တိုက် ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ “သရဲမ, ဘီလူးမ, မိန်းမပျို” ဇာတ်ကားနဲ့ အကယ်ဒမီဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံ တကာမှာ ပြသအောင်မြင်ခဲ့တဲ့ “မီ” ရုပ်ရှင်ဇာတ်ကားနဲ့ လက်ရှိရုံတင်ပြနေတဲ့ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားမှာလည်း ခေါင်းဆောင်မင်းသမီး အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ “မီ” ဇာတ်ကားနဲ့ Stars Awards 2018 အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု ရရှိခဲ့တဲ့အပြင် ၂၀၁၉ ခုနှစ်မှာ People’s Academy ဆုနဲ့ မြန်မာ့မူပိုင်ခွင့်နေ့မှာ ရုပ်ရှင်ဂုဏ်ပြုဆုကိုလည်း ရရှိခဲ့ပါတယ်။ မလေးရှားနိုင်ငံ ကူချင်မြို့မှာ ကျင်းပခဲ့တဲ့ ၂၀၁၉ ခုနှစ် အာဆီယံ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်နဲ့ ဆုချီးမြှင့်ပွဲမှာ အကောင်းဆုံးခေါင်းဆောင်မင်းသမီးဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒေါင်း (F04)

ဒေါင်းဟာ မြန်မာ့ရုပ်ရှင်လောကရဲ့ တက်သစ်စကြယ်ပွင့်တစ်ဦးဖြစ်ပြီး ဒီနှစ်အတွက် ထိုင်းနိုင်ငံက ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ပူးပေါင်းရိုက်ကူးတဲ့ လိပ်ပြာစံအိမ် ဇာတ်ကားမှာ ပါဝင်ရာကနေ နာမည်ကျော်ကြားလာခဲ့ပါတယ်။ အဲဒီရုပ်ရှင်ဇာတ်ကားဟာ ပြည်တွင်းမှာလည်း အားပေးမှုအများအပြား ရရှိခဲ့ပြီးတော့ အခြား နိုင်ငံတွေဖြစ်တဲ့ ဟောင်ကောင်၊ တောင်ကိုရီးယား အပါအဝင် နိုင်ငံပေါင်း (၁၃) နိုင်ငံမှာလည်း သွားရောက်ပြသခဲ့ပါတယ်။ သူဟာ Star Awards 2018 မှာ ပုဂံသူ ဇာတ်လမ်းစီးရီး နဲ့ အကောင်းဆုံးဇာတ်ဆောင်ဆု (Best Actor Award) ကို ရရှိခဲ့ပါတယ်။

မြန်မာဟာ အရိုင်းဆန်နေသေးတဲ့ သဘာဝအလှတရားကြီးကနေစလို့ ကြွယ်ဝတဲ့ သယံဇာတတွေ၊ နှစ်လိုချစ်ခင်ဖွယ် တိုင်းရင်းသားတွေအထိ ဂုဏ်ယူ ဝင့်ကြွားလို့ရတဲ့အရာတွေ များစွာရှိပါတယ်။ ထူးချွန်ထင်ရှားတဲ့ မြန်မာကို ကမ္ဘာ့စင်မြင့်ထက်မှာ ကိုယ်စားပြုနိုင်တဲ့ မြန်မာပြည်ဖွားတွေကို မဲပေးပြီး ဒီလို ဂုဏ်ယူဖွယ်ရာ စာရင်းထဲကို နောက်တစ်ခုထပ်ထည့်ဖို့တိုက်တွန်းချင်ပါတယ်။ ဆုရရှိတဲ့သူကို ရွေးချယ်တဲ့အခါမှာ အကဲဖြတ်အမှတ်ပေးဒိုင်လူကြီးတွေရဲ့ ဆန္ဒမဲ (၂၀) ရာခိုင်နှုန်းနှင့် အများပြည်သူရဲ့ ဆန္ဒမဲ (SMS စာတိုကတဆင့်ပေးတဲ့ ဆန္ဒမဲ (၄၀) ရာခိုင်နှုန်း၊ Facebook Chatbox ကတဆင့်ပေးတဲ့ ဆန္ဒမဲ (၄၀) ရာခိုင်နှုန်း) တို့ကို ပေါင်းစပ်ပြီး အတည်ပြုဆုံးဖြတ် သွားမှာဖြစ်တဲ့အတွက် အများပြည်သူက ပေးအပ်တဲ့ မဲတစ်ခုစီတိုင်းက အလွန်အရေးပါပါတယ်။ ဒါကြောင့် ပြည်သူလူထုကို အထက်မှာဖော်ပြထားတဲ့ ဆန်ကာတင်စာရင်းဝင်တို့ရဲ့ ကိုယ်ရေးအကျဉ်းလေးဖတ်ပြီး မဲပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ မဲပေးဖို့ ဆိုရင် မိမိမဲပေးလိုသူရဲ့ နံပါတ်စဉ်ကို 09 969696 888 သို့ SMS စာတိုပေးပို့ပြီးဖြစ်စေ၊ https://www.facebook.com/myanmarsprideawards ကတဆင့် messenger chatbox ကို ဝင်ရောက် ပြီးဖြစ်စေမဲပေးနိုင်ပါတယ်။

ဆန်ကာတင်စာရင်းဝင်တွေထဲကမှ မဲအများဆုံးနဲ့အနိုင်ရရှိသူကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ ပြုလုပ်မယ့် ဆုပေးအပ်ချီးမြှင့်တဲ့ အခမ်းအနားမှာ ကြေညာ ပေးသွားမှာဖြစ်ပါတယ်။ ဒီဆုရွေးချယ်ပေးအပ်ရေးအစီအစဉ်ကို Mango Advertising Co., Ltd. က အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပြီးတော့ Grand Royal Special Reserve က title sponsor အဖြစ် အဓိကကူညီပံ့ပိုးပေးထားပါတယ်။ ဒီဆုပေးအပ်တဲ့ အစီအစဉ်ကို Grand Royal Special Reserve ရဲ့ tagline ဖြစ်တဲ့ “Born in Myanmar, Respected by the World” ကနေမှ စိတ်ကူးအကြံဉာဏ်ရလာတာဖြစ်ပါတယ်။

Myanmar’s Pride Awards အကြောင်းနဲ့ ဆန်ကာတင်စာရင်းဝင်များရဲ့အကြောင်းကို ပိုမိုပြည့်စုံစွာ သိရှိနိုင်စေဖို့ ဆုရွေးချယ်ပွဲရဲ့ တရားဝင်စာမျက်နှာ ဖြစ်တဲ့ https://myanmarsprideawards.com ကို ဝင်ရောက်ကြည့်ရှုနိုင်သလို အသေးစိတ်အချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ဖို့ Myanmar’s Pride Awards ရဲ့ တရားဝင် Facebook စာမျက်နှာ ကို like နှင့် follow လုပ်ထားလို့ရပါ တယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top