မန်ယူအသင်းက ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာအတွက် ပြဿနာဖြစ်နေတယ်လို့ နာမည်ကျော်အေးဂျင့် ရိုင်အိုဘာက ဝေဖန်ခဲ့ပါတယ်။ ပေါ့ဘာဟာ ၂၀၁၆ ခုနှစ်မှာ ဂျူဗင်တပ်ကနေ မန်ယူကို ပေါင်(၈၉)သန်းနဲ့ တစ်ကျော့ပြန် ပြောင်းရွှေ့လာခဲ့ပြီး မန်ယူမှာ ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိပါဘူး။ မန်ယူအသင်းဟာ ပကတိအရှိတရားနဲ့ ကင်းကွာနေပြီး အားကစားစီမံကိန်းမရှိလို့ မာရာဒိုနာ၊ ပီလီ၊ မာလ်ဒီနီ စတဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား(ဟောင်း)တွေ လာကစားရင်တောင် ဘဝပျက်သွားလိမ့်မယ်လို့ ရိုင်အိုလာက ဝေဖန်ခဲ့ပါတယ်။ အဲဒီအတွက် သူ တာဝန်ယူထားတဲ့ တခြားကစားသမားတွေကို မန်ယူထံ မပြောင်းအောင် ပိတ်ပင်သွားမယ်လို့ ရိုင်အိုလာက ဆိုပါတယ်။
” မန်ယူအသင်းက ပေါ့ဘာအတွက် ပြဿနာဖြစ်နေတာပါ။ မန်ယူအသင်းဟာ အရှိတရားနဲ့ ကင်းကွာနေပြီး အားကစားဆိုင်ရာ စီမံကိန်းမရှိပါဘူး။ တခြားကစားသမားတွေကို မန်ယူထံ ပြောင်းခိုင်းမှာမဟုတ်ပါဘူး။ မန်ယူက မာရာဒိုနာ၊ ပီလီ၊ မာလ်ဒီနီတို့ကိုတောင် ဘဝပျက်စေနိုင်ပါတယ်။ ပေါ့ဘာအတွက် ဂျူဗင်တပ်လို အသင်းမျိုး၊ ကစားသမားအင်အားမျိုး လိုအပ်ပါတယ်”လို့ ရိုင်အိုလာက ဆိုပါတယ်။ မန်ယူကို ပြောင်းမယ်လို့ သတင်းထွက်နေတဲ့ နော်ဝေကြယ်ပွင့် ဟာလန်းက ဒေါ့မွန်ကို ပြောင်းရွှေ့သွားတဲ့ကိစ္စမှာလည်း ရိုင်အိုလာနဲ့ မန်ယူအသင်းကြား အဖုအထစ်ဖြစ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
Nz (ရိုးရာလေး)