ဘန်ကောက်မြို့ ဘုန်းကြီးကျောင်းမှာ ဘက်ခမ်းရုပ်တု ထုလုပ်ထား

64212559_2424184470945792_1805338336928202752_n.jpg

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဘုန်းကြီးကျောင်းမှာ မန်ယူဂန ္ထဝင်ကစားသမားဟောင်း ဘက်ခမ်းရဲ့ရုပ်တုကို ထုလုပ်ထားပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဘက်ခမ်းဟာ မန်ယူ၊ ရီးရဲလ်၊ အေစီမီလန်၊ ပီအက်စ်ဂျီ၊ အယ်လ်အေဂလက်ဇီအသင်းတွေမှာ ကစားခဲ့ဖူးပြီး အောင်မြင်မှုတွေ ရရှိခဲ့သူပါ။

ဘက်ခမ်းဟာ လွန်ခဲ့တဲ့ (၆) နှစ်ကတည်းက ဘောလုံးလောကကနေ အနားယူခဲ့ပေမဲ့ ဒီနေ့အချိန်အထိ ကမ္ဘာတစ်ဝန်းက ဘောလုံးပရိသတ်တွေကြားမှာ ရေပန်းစား ကျော်ကြားနေဆဲပါပဲ။ ၁၉၉၈ ခုနှစ်ကတည်းက ကမ္ဘာ့ဖလားအထိမ်းအမှတ်အဖြစ် ဘန်ကောက်မြို့ ဘုန်းကြီးကျောင်း ပလ္လင်မှာ ဘက်ခမ်းရုပ်တုကို ထုလုပ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဘုန်းကြီးကျောင်းဟာ မကြာသေးခင်ကမှ ခရီးသွားတွေ စိတ်ဝင်စားတဲ့နေရာတစ်ခု ဖြစ်လာခဲ့တာပါ။ ပလ္လင်မှာ ဘက်ခမ်းရုပ်တုအပြင် အမေရိကန်သမ္မတ အိုဘားမား၊ မစ်ကီမောက်၊ စူပါမန်းနဲ့ ပီနိုချီယိုတို့ရုပ်တုတွေလည်း ထုလုပ်ထားတယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top