Social Distancing စည်းမျဉ်းနဲ့အညီ အောင်ပွဲခံခဲ့တဲ့ ဆဲလ်ဘတ်

3-6-2020-yyl-034.jpg

သြစတြီးယားဖလား ဆွတ်ခူးခဲ့ပြီးနောက်မှာ ဆဲလ်ဘတ်အသင်း ကစားသမားတွေက တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေရေး(Social Distancing) စည်းမျဉ်းအတိုင်း အောင်ပွဲခံခဲ့ကြပါတယ်။ ဆဲလ်ဘတ်အသင်းဟာ OFB-Cup ဗိုလ်လုပွဲမှာ သြစတြီးယားလူတီနော်အသင်းကို ၅ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ အရင်တုန်းက ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ရင် အကြီးအကျယ် အောင်ပွဲခံကြမှာဖြစ်ပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် အဲဒီပွဲစဉ်ကို ပရိသတ်တွေ လာရောက်ကြည့်ရှုခွင့်မရသလို အောင်ပွဲခံ အခမ်းအနားမှာလည်း ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။

ဆဲလ်ဘတ်အသင်း ကစားသမားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာ အကွာအဝေးမှာ စက်ဝိုင်းပုံစံ နေရာယူပြီး အောင်ပွဲခံကြတာ တွေ့ရပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံအဖြစ် အောင်ပွဲခံမယ့် လီဗာပူးအသင်းနဲ့ အက်ဖ်အေဖလား ချန်ပီယံအသင်းတွေကလည်း ဆဲလ်ဘတ်အသင်းရဲ့ အောင်ပွဲခံပုံကို အတုယူပြီး အောင်ပွဲခံရမယ့် အနေအထားပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top