မွေးရာပါ ခြေထောက်မပါတဲ့ လူငယ်လေးကို ပျော်ရွှင်စေခဲ့တဲ့ ရော်နယ်ဒို

yyl-056.jpg

ကာဇက်စတန်နိုင်ငံက အသက်(၁၂)နှစ်အရွယ် ကလေးငယ် အလီတာဂန်ဘီကော့ဗ်ကတော့ ၂၀၁၉ ခုနှစ်ကို အမြဲတမ်းအမှတ်ရနေမှာပါ။ မွေးရာပါ ခြေထောက်မပါပေမဲ့ ဘောလုံးကစားဖို့ စိတ်အားထက်သန်တဲ့ အလီဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒူဘိုင်းမြို့မှာ သူ့ရဲ့စံပြပုဂ္ဂိုလ် ရော်နယ်ဒိုနဲ့အတူ ဘောလုံးကစားခွင့်ရခဲ့ပါတယ်။

ရော်နယ်ဒို၊ သားဖြစ်သူ ရော်နယ်ဒိုဂျူနီယာ၊ အလီနဲ့ နောက်ထပ်ကလေးငယ်တစ်ယောက် ဘောလုံးကစားခဲ့ကြပြီး အလီက ရော်နယ်ဒိုကို ပွေ့ဖက်ခဲ့ပါတယ်။ ရော်နယ်ဒိုက အလီနဲ့အတူ ဓာတ်ပုံရိုက်ခဲ့ပြီး လက်မှတ်ထိုးထားတဲ့ ဘောလုံးကိုလည်း အမှတ်တရလက်ဆောင်ပေးခဲ့ပါတယ်။ အလီဟာ ရုရှားသိုင်းပေါင်းစုံကစားသမား နာမာဂိုမီဒေါ့ဗ်ရဲ့ စီစဉ်ပေးမှုကြောင့် ရော်နယ်ဒိုနဲ့ တွေ့ခွင့်ရခဲ့တာပါ။

”ဒါကြောင့်လည်း ခင်ဗျားက ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နေတာပေါ့။ ကျေးဇူးတင်ပါတယ်။ ခင်ဗျားက ကျွန်တော့်ညီလေးကို ပျော်အောင်လုပ်ပေးခဲ့တယ်”လို့ နာမာဂိုမီဒေါ့ဗ်က ရော်နယ်ဒိုကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ အလီဟာ အရင်တုန်းကလည်း အားကစားလောကရဲ့ ကြယ်ပွင့်တွေနဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့မတ်လမှာ ယူကရိန်းအသင်း လေ့ကျင့်ရေးအစီအစဉ်ကို လာရောက်ကြည့်ရှုခွင့်ရခဲ့ပြီး ယူကရိန်းနည်းပြ ရှက်ဗ်ချန်ကို၊ မန်စီးတီးနောက်ခံလူ ဇင်ချန်ကိုတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့သြဂုတ်လက ချဲလ်ဆီးကို အနိုင်ယူပြီး ဥရောပစူပါဖလား ဆွတ်ခူးခဲ့တဲ့ လီဗာပူးအသင်းသားတွေကိုလည်း အလီက ဆုတံဆိပ်တွေ ပေးအပ်ခဲ့ဖူးပါတယ်။ အလီဟာ ဘာစီလိုနာဂန ္ထဝင် ကစားသမားဟောင်း ဇာဗီ၊ ရီးရဲလ်ဂန ္ထဝင်ဂိုးသမားဟောင်း ကာဆီးလက်စ်တို့နဲ့ ဓာတ်ပုံတွဲရိုက်ခဲ့ဖူးပြီး သူ့ရဲ့အင်စတာဂရမ်ပေါ်မှာ အဲဒီဓာတ်ပုံတွေ ဖော်ပြထားပါတယ်။ အလီရဲ့အင်စတာဂရမ်စာမျက်နှာကတော့ ထောက်ခံအားပေးသူ ၁၅၈၀၀၀ ရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top