ပရီးမီးယားလိဂ်ရဲ့ လက်ရှိအကောင်းဆုံး ကစားသမားအဖြစ် မာနေးကို ဖာဘရီဂတ်စ် ရွေးချယ်

yyl-037-1.jpg

လီဗာပူးတိုက်စစ်မှူး မာနေးကို ပရီးမီးယားလိဂ်ရဲ့ လက်ရှိအကောင်းဆုံး ကစားသမားအဖြစ် ဖာဘရီဂတ်စ်က ရွေးချယ်ခဲ့ပါတယ်။ တွစ်တာပေါ်က အမေး၊ အဖြေကဏ္ဍမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားကို ရွေးချယ်ပေးဖို့ ပြောရာမှာ ဖာဘရီဂတ်စ်က မာနေးကို ရွေးချယ်ခဲ့တာပါ။ “ကျွန်တော့်အတွက်တော့ မာနေးက ပရီးမီးယားလိဂ်ရဲ့ လက်ရှိအကောင်းဆုံးကစားသမားပါပဲ’’လို့ ဖာဘရီဂတ်စ်က ပြောပါတယ်။ ၂၀၁၉ ခုနှစ်အတွက် အာဖရိက တစ်နှစ်တာအကောင်းဆုံးဆုကို မာနေး ဆွတ်ခူးခဲ့တဲ့နေ့မှာပဲ ဖာဘရီဂတ်စ်က အခုလို ပြောခဲ့တာပါ။ မာနေးဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၁၁)ဂိုးသွင်းပြီး (၆)ဂိုး ဖန်တီးပေးထားသူပါ။

အာဆင်နယ်၊ ချဲလ်ဆီးအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ စပိန်ကွင်းလယ်လူ ဖာဘရီဂတ်စ်ဟာ လက်ရှိအချိန်မှာ လီဂူး-၁ ကလပ် မိုနာကိုအသင်းမှာ ကစားနေပါတယ်။ ကစားသမားဘဝတစ်လျှောက် ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး လိဂ်ကို ရွေးချယ်ခိုင်းရာမှာတော့ ဖာဘရီဂတ်စ်က ပရီးမီးယားလိဂ်ကို ရွေးချယ်ခဲ့ပါတယ်။ ကစားသမားဘဝတစ်လျှောက် ရင်ဆိုင်ဖို့ အခက်ခဲဆုံး ပြိုင်ဘက်ကွင်းလယ်လူတွေက ဘယ်သူဖြစ်မလဲလို့ မေးမြန်းရာမှာ ဖာဘရီဂတ်စ်က ဂျရတ်နဲ့ မူအမ်ဘာကို ရွေးချယ်ခဲ့ပါတယ်။ “ အဲဒီအချိန်တုန်းက မူအမ်ဘာက ဘော်တန်မှာ ကစားနေတာပါ။ သူက ကျွန်တော့်ကို (၉၅)မိနစ်လုံးလုံး လူကပ်ကစားခဲ့တယ်။ လိုအပ်လာရင် ကျွန်တော် အိမ်သာသွားတဲ့နေရာအထိ လိုက်ကပ်ထားမယ့်ပုံပဲ။ ဒါပေမဲ့ သူနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်တိုင်း ကျွန်တော် ဂိုးသွင်းနိုင်ခဲ့ပါတယ်’’လို့ ဖာဘရီဂတ်စ်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top