မက်ဂရီဂေါ်က ပက်ကွီအိုထက်ပိုပြီး မေဝယ်သာကို လက်သီးချက်များများ ထိမှန်အောင် ထိုးနိုင်ခဲ့

yyl-038-1.jpg

အမေရိကန်လက်ဝှေ့သမား မေဝယ်သာဟာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၆ ရက်က သိုင်းပေါင်းစုံ ကစားသမား မက်ဂရီဂေါ်ကို (၁၀)ချီမြောက်မှာ ဒိုင်ပွဲရပ် အနိုင်ယူပြီး ပွဲ(၅၀)မြောက် နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ ပွဲမစခင်ကတည်းက တိုက်ခိုက်ရေးအားကစား ပရိသတ်တွေက မေဝယ်သာ အနိုင်ရမယ်လို့ ခန့်မှန်းထားတဲ့အတွက် ဒီရလဒ်က အံ့အားသင့်စရာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကြိုးဝိုင်းအတွေ့အကြုံမရှိတဲ့ မက်ဂရီဂေါ်ဟာ အံ့အားသင့်စရာ စွမ်းဆောင်မှုတစ်ရပ် လုပ်ပြနိုင်ခဲ့ပြီး ဝေဖန်သူတွေ မှားယွင်းကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

မက်ဂရီဂေါ်ဟာ မေဝယ်သာနဲ့ပွဲမှာ လက်သီးချက် ၁၁၁ ချက် ထိမှန်အောင်ထိုးနိုင်ခဲ့ပြီး အဲဒီပမာဏက ပက်ကွီအိုထက် ပိုများခဲ့ပါတယ်။ ဝိတ်တန်း(၈)တန်းရဲ့ ကမ္ဘာ့ချန်ပီယံ ပက်ကွီအိုဟာ ၂၀၁၅ ခုနှစ်တုန်းက မေဝယ်သာနဲ့ ထိုးခဲ့ဖူးပြီး (၁၂)ချီထိုးသတ်ခဲ့တဲ့ပွဲစဉ်မှာ မေဝယ်သာကို လက်သီးချက်(၈၁)ချက်ပဲ ထိမှန်အောင် ထိုးနိုင်ခဲ့ပါတယ်။ မက်ဂရီဂေါ်ဟာ မေဝယ်သာနဲ့ ထိုးရာမှာ ပက်ကွီအိုထက်ပိုပြီး လက်သီးချက်များခဲ့ရုံသာမကဘဲ ပါဝါလက်သီးချက်တွေလည်း ပိုထိမှန်အောင် ထိုးနိုင်ခဲ့တယ်လို့ Boxing Scene ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ အဲဒီပွဲအပြီးမှာ မက်ဂရီဂေါ်ဟာ သူထင်ထားတာထက် ပိုကောင်းနေတယ်လို့ မေဝယ်သာက ချီးကျူးခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top