တူရကီဘောလုံးသမိုင်းမှာ အမြန်ဆုံး အနီကတ်ထိခဲ့တဲ့ ဂိုးသမား

yyl-23-004.jpg

ကွန်ယာစပေါအသင်း ဂိုးသမား ဆာကန်ကီရင်တီလီဟာ တူရကီဘောလုံးလိဂ်သမိုင်းတစ်လျှောက် အမြန်ဆုံးအနီကတ်ထိသူအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ကီရင်တီလီဟာ ထူးခြားတဲ့ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ပွဲအစ(၁၃)စက္ကန့်မှာပဲ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။ မာလက်ယာစပေါအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဂိုးသမား ကီရင်တီလီက ပင်နယ်တီဧရိယာအပြင်ဘက်ထွက်ပြီး ဘောလုံးကို လက်နဲ့ ဖမ်းယူမိခဲ့တာပါ။

မာလက်ယာစပေါအသင်းက တိုက်စစ်ဆင်ချိန်မှာ ဂိုးစည်းအပြင်ဘက်ထွက်ပြီး ဘောလုံးကို လက်နဲ့ဖမ်းခဲ့တဲ့ ကီရင်တီလီရဲ့ ဆုံးဖြတ်ချက်က နားလည်ရခက်စရာ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကွင်းလယ်ဒိုင်က သူ့ကို တိုက်ရိုက်အနီကတ်ပြပြီး ထုတ်ပယ်ခဲ့တာပါ။ အသက်(၃၄)နှစ်ရှိတဲ့ ကီရင်တီလီဟာ ဝါရင့်ဂိုးသမားတစ်ဦးဖြစ်ပြီး တူရကီလက်ရွေးစင်အသင်းမှာ (၃)ပွဲ ပါဝင်ခွင့်ရရှိခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top