ဒေါ့မွန်ကနေ ဘင်ဖီကာကို ပြောင်းလာတဲ့ ဝီဂယ်ကြောင့် ပရိသတ်တစ်ယောက် ဝတ်လစ်စလစ် ပြေးခဲ့ရ

yyl-036-2.jpg

ဘင်ဖီကာပရိသတ်တစ်ယောက်ကတော့ ဂျာမန်ကွင်းလယ်လူ ဂျူလီယန်ဝီဂယ်ကြောင့် တစ်ကီလိုမီတာ အကွာအဝေးအထိ ဝတ်လစ်စလစ် ပြေးခဲ့ရပါတယ်။ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ဘင်ဖီကာအသင်းကို ဒေါ့မွန်ကွင်းလယ်လူ ဝီဂယ်ပြောင်းလာရင် တစ်ကီလိုမီတာအကွာအဝေးအထိ ဝတ်လစ်စလစ် ပြေးပြမယ်လို့ ဘင်ဖီကာပရိသတ် ဒူအာတီမန်ဒက်စ်က တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

အခုလအစောပိုင်းမှာတော့ အသက် ၂၄ နှစ်အရွယ်ရှိတဲ့ ဝီဂယ်က ပီအက်စ်ဂျီ၊ မန်စီးတီးအသင်းတွေကို ငြင်းပယ်ပြီး ဘင်ဖီကာအသင်းထံ အံ့အားသင့်ဖွယ် ပြောင်းရွှေ့လာလို့ ဘင်ဖီကာပရိသတ် မန်ဒက်စ်လည်း သူ့ကတိနဲ့သူ ဝတ်လစ်စလစ် ပြေးခဲ့ရပါတယ်။ “ ဟယ်လို ပေါ်တူဂီ၊ ကျွန်တော့်နာမည်က ဒူအာတီမန်ဒက်စ်ပါ။ ဘင်ဖီကာအသင်းကို ဝီဂယ် ပြောင်းရွှေ့လာရင် ၁ ကီလိုမီတာ အကွာအဝေးအထိ ဝတ်လစ်စလစ် ပြေးပြမယ်လို့ ဒီဇင်ဘာလ ၁၇ ရက်က တွစ်တာပေါ်မှာ ကျွန်တော် ရေးခဲ့ပါတယ်။ ဒီနေ့တော့ ကျွန်တော့်ကတိ တည်ပြရတော့မှာပါ။ ဘုရားသခင်က သက်ညှာပေမဲ့ ဝီဂယ်က မသက်ညှာခဲ့ဘူး”လို့ မန်ဒက်စ်က ပြောပါတယ်။ ဝီဂယ်ဟာ ဘင်ဖီကာနဲ့စာချုပ်ချုပ်ဆိုပြီးချိန်မှာ မန်ဒက်စ်ရဲ့ တွစ်တာပေါ်က ရေးသားချက်ကို ဝေမျှခဲ့ပြီး “ပြေးပေတော့”လို့ မှတ်ချက်ပေးခဲ့ပါတယ်။ မန်ဒက်စ်ဟာ သူ့ကတိအတိုင်း တစ်ကီလိုမီတာအကွာအဝေးအထိ ဝတ်လစ်စလစ် ပြေးခဲ့ပြီး အဲဒီဗီဒီယိုကို တွစ်တာပေါ်မှာ ဖော်ပြခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top