သားဝင်းထွန်း(ခြင်္သေ့မင်း)- အဲမွီ (နဂါးမင်း)
စလွှတ်လွှတ်ချင်းမှာပဲ အဲမွီက ဘယ်၊ ညာ လက်သီးတွဲလုံးနဲ့ အမှတ်ယူနိုင်ခဲ့ပါတယ်။ သားဝင်းထွန်း တိုက်ကွက်မဖော်နိုင်သေးချိန်မှာ အဲမွီက ပါးပါးနပ်နပ် ထိုးသတ်နိုင်ခဲ့ပါတယ်။ ဒုတိယအချီမှာ သားဝင်းထွန်းက အဲမွီကို ကိုင်ပေါက်ပြီး ညာလက်သီး ပစ်သွင်းနိုင်ခဲ့သလို အဲမွီရဲ့ တံတောင်ရိုက်ချက်၊ ဘယ်ထောက်လက်သီးတွေကလည်း သားဝင်းထွန်းကို ထိမှန်ခဲ့ပါတယ်။
တတိယအချီမှာ အဲမွီရဲ့တံတောင်ရိုက်ချက်ကြောင့် သားဝင်းထွန်း ခါထွက်သွားသလို သားဝင်းထွန်းရဲ့ ဘယ်ထောက်လက်သီးကလည်း အဲမွီကို ထိုင်ကျစေခဲ့ပါတယ်။ နှစ်ယောက်လုံး ပွဲဖြတ်နိုင်မယ့် အခွင့်အရေးရပေမဲ့ တွဲလုံးတွေ မထွက်ခဲ့ပါဘူး။ နောက်ဆုံးအချီမှာတော့ အဲမွီက ဘယ်ခြေကန်ချက်နဲ့ အလဲထိုးအနိုင်ယူခဲ့တာပါ။
Team(ရိုးရာလေး)