ဘာကြောင့် လူအချို့ အိုးမဲ့အိမ်မဲ့ ဘ၀ သို့ ရောက်ရှိခဲ့ကြသလဲ

clean-homeless-on-the-bench-P2X4XGB.jpg

Yale တက္ကသိုလ် ကျွမ်းကျင် သုတေသီ များ၏ အဆိုအရ (၂)ရာခိုင်နှုန်း သော ကမ္ဘာ့လူဦးရေ သည်အိမ် ယာမဲ့ ဘ၀ဖြင့်နေထိုင်နေကြရသည်။ ဤကိန်းဂဏန်းသည် ခန့်မှန်း ခြေသာဖြစ်ပြီး အတိအကျ စစ်တမ်းကောက်ယူရာတွင် ခက်ခဲပြီး ကုန်ကျ စရိတ်ရှိခြင်း၊ အာဏာပိုင်များ (သို့) နိုင်ငံများ ၏ ဂုဏ်သိက္ခာဆယ်သော အားဖြင့် ထိုလူဦးရေ လျှော့တွက်ထားခြင်း လည်းဖြစ်နိုင်သည်။ မည်သို့ ဆိုစေ ၂% (သန်း ၂၀) ခန့်သော အိမ်မဲ့ယာမဲ့ လူတွေသည် နေ့စဥ် အတိဒုက္ခရောက်စွာဖြင့် သူတို့ရဲ့ နေ့တွေကို ဖြတ်သန်းနေကြရသည်။ ဒီအတွက် မြင်ရသူ၊ ကြားရသူတိုင်းစိတ် မကောင်း ဖြစ်မိကြမှာ အမှန်ပင်။

အဓိက အိမ်ယာမဲ့ဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းတွေကတော့ သက်သာချောင်ချိတဲ့ အိမ်ယာများ မရှိ (သို့) ချို့တဲ့ခြင်း၊ အလုပ်လက်မဲ့ ဖြစ်နှုန်း မြင့်တက်လာခြင်း နဲ့ အလုပ်အကိုင်ရှားပါးခြင်း၊ နာတာရှည် စိတ်ရောဂါ​ဝေဒနာခံစားနေရခြင်း၊ အကြမ်းဖက်ခံရမှုနဲ့ ညှင်းပန်းနှိပ်စက်ခံရမှု နောက်ကြောင်း ရာဇ၀င်ရှိခြင်း၊ မျှတမှုမရှိသော အိမ်ယာစီမံခန့်ခွဲမှုစနစ် နဲ့ ခွဲခြားဆက် ဆံခြင်းများ ကြောင့် ဖြစ်သည်ကို တွေ့ရှိရသည်။ ယင်းအချက်များသည် ငြင်း ပယ်မရတဲ့ အမှန်တရား များဖြစ်သည်။ ဆောင်းပါးတွင်ပါရှိသည့် အချက်အလက် စာရင်းဇယားအများစုသည် အမေရိကန် (မင်နင်ဆိုတာ ပြည်နယ်)၏ စစ်တမ်းများကို အခြေခံထားသည်။ ဆက်လက်ပြီး အချက်တစ်ခုချင်းစီကို အသေးစိပ်လေ့ လာကြရ အောင်။

၁။ သက်သာချောင်ချိတဲ့ အိမ်ယာများ မရှိ (သို့) ချို့တဲ့ခြင်း

စျေးနှုန်း သင့်တင့်မျှတတဲ့ အိမ်ယာများ မရှိခြင်းက ၀င်ငွေ နည်း (သို့) မလောက်သော လူတွေအတွက်အကျပ်ရိုက်စေ တာအမှန်ပင်။ ဒါ့အပြင် တစ်ချို့ သည် အိမ်ယာများကို ပေါင်နှံထား ပြီး ပြန်လည်မရွေးနိုင်သည့် အခြေအနေများ ကြောင့်ဖြစ်သည်။အိမ်ယာ ငှားရမ်းနေထိုင် မှု သည် စျေးနှုန်း နေရာတိုင်းတွင် အကျ မရှိပဲ တစ်ရိပ်ရိပ် တက်နေသည်။ အမေရိကန် (မင်နင်ဆိုတာပြည်နယ်) စစ်တမ်းအရ အိမ်ယာပိုင်ဆိုင် ပေးမှု အစီအစဥ်များ တွင်လည်း လူ (၁၀) ယောက်တွင် (၄) ယောက် အတွက်သာ စီစဥ် ပေးနိုင်သည်။ ဒီအချက်က အလုပ်အကိုင် ကောင်း ကောင်းမရှိ (သို့)အ လုပ်မရှိသူတွေ အတွက် အိမ်နဲ့ယာနဲ့ မနေနိုင်မှုကိုပိုမို တွန်းပို့စေ သည်။

၂။ အလုပ်လက်မဲ့ ဖြစ်နှုန်း မြင့်တက်လာခြင်း နဲ့ အလုပ်အကိုင်ရှားပါးခြင်း

အလုပ်အကိုင်ရှားပါးမှု ပြဿနာသည် ကမ္ဘာနဲ့အ၀ှမ်းတွင်ရင်ဆိုင်နေ ရတဲ့ နာတာရှည် ပြဿနာဖြစ် သည်။ ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ (ILO) ရဲ့ စစ်တမ်းများအရ ကမ္ဘာတစ်လွှား အလုပ်လက်မဲ့ ဖြစ်နှုန်းဟာ (၅) ရာခိုင်နှုန်း အထိရှိပြီး (၁၇၂) သန်း ရှိသည်။ လက်ရှိကာလ အထိ ချိတ်ဆက်စစ်တမ်း ကောက်ယူကြည့်လျှင် အလုပ်လက်မက်နှုန်း ပိုမိုများပြား နေနိုင်မည်။ အဘယ် ကြောင့် အလုပ်လက်မဲ့ နှုန်းတိုးနေရသနည်း။ အကြောင်းမှာ ကမ္ဘာ့ငွေ ကြေးရိုက်ခတ်မှု၊ ၀ယ်လိုအား ရောင်းလိုအား မမျှတမှု၊ ကျွမ်းကျင်အလုပ်သမားရှားပါးမှု၊ စသည့် အချက်များကြောင့် အလုပ်ရုံများ ပိတ်သိမ်းကြလေ့ရှိသည်။ အမေရိကန် (မင်နင်ဆိုတာပြည်နယ်) ရှိစစ်တမ်းအရ (၃) ပုံ (၂) ပုံ ထက်ပို သော အိမ်ယာမဲ့ များသည် အလုပ်လက်မဲ့ များဖြစ်သည်။ ထိုလူတွေရဲ့ အလုပ်လက်မဲ့ ပျမ်းမျှကြာမြင့်ချိန်သည် (၂၃) လဖြစ်သည်ဟုဖော်ပြထားသည်။

၃။ နာတာရှည် စိတ်ရောဂါ​ဝေဒနာခံစားနေရခြင်း

ဆက်လက်ပြီး မင်နင်ဆိုတာပြည်နယ် ရဲ့ စစ်တမ်းအရ အိမ်ယာမဲ့ (၈၃)ရာခိုင်နှုန်းမှာ ဆိုးရွားတဲ့ နာတာရှည် စိတ်ရောဂါ​ဝေဒနာတွေခံစားနေရခြင်း၊ နာတာရှည် ကျန်းမာရေး အခြေအနေရှိနေခြင်း၊ မူးရစ်ဆေး၀ါး သုံးစွဲမှုပြဿနာ များရှိခြင်း၊ ဦးနှောက်ထိခိုက်ဒဏ်ရာရရှိထားခြင်းတို့ ရှိကြသည်။ ဤ ထဲမှ (၄၄) ရာခိုင်နှုန်းသည် တစ်ခုထက်ပိုသော ဆိုးရွားတဲ့ ကျန်းမာရေးအခြေအ နေများရှိကြပါသည်။

ဒါ့အပြင် (၆၀)ရာခိုင်နှုန်းသော အိမ်ယာမဲ့များတွင် အောက်ပါဖော်ပြထားတဲ့ ဆိုးရွားလှတဲ့ စိတ်ရောဂါ​ဝေဒနာ အနည်းဆုံး တစ်ခုကို ခံစားနေရသည်။ သာဓကအားဖြင့် စိုးရိမ်ကြောင့်ကြမှုရှိခြင်း (၄၂%)၊ စိတ်ကျရောဂါရှိခြင်း (၃၉%)၊ ပြုမူကျင့်ကြံပိုင်း ဆိုင်ရာကစဥ့်ကလျားရှိခြင်း(၁၅%)၊ စိတ်ကစဥ့်ကလျား ရော ဂါ(၇%)၊ ယုံမှားသံသယစိတ်ရောဂါ (၆%) စသည့်ဖြင့် ရှိကြပါသည်။

ထို့အပြင် (၅၁) ရာခိုင်နှုန်းသော အိမ်ယာမဲ့တွေသည် နာတာရှည် ကျန်းမာရေးပြဿနာများရှိသည်။ အဖြစ်များဆုံးက သွေးတိုးရောဂါ (၃၀%)၊ ပန်းနာရင်ကျပ် (၂၀%)၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ (၁၂%)၊ သွေးလည်ပတ်မှုဆိုင်ရာရောဂါ (၁၁%) နဲ့ ဆီးချိုသွေးချို(၉%) တို့ ရှိသည်။ (၅) ယောက်မှာ (၁) ယောက်သော အိမ်ယာမဲ့ တွင် မူးယစ်ဆေး၀ါး နဲ့ပတ်သက်တဲ့ရောဂါများရှိသည်။ ဒါ့အပြင် အချို့သော အိမ်ယာမဲ့များတွင် တီဘီ နဲ့ HIV ရောဂါများလည်း ခံစားကြနေကြရသည်။

၄။ အကြမ်းဖက်ခံရမှုနဲ့ ညှင်းပန်းနှိပ်စက်ခံရမှု နောက်ကြောင်းရာဇ၀င်ရှိခြင်း

အိမ်ယာမဲ့တွေအတွက် မလုံခြုံမှုများနဲ့ ရင်ဆိုင်ရဆုံး အုပ်စုဖြစ်ပြီး အကြမ်းဖက်ခံရမှု များနဲ့ ရင်ဆိုင်ခဲ့ကြရတဲ့ အတွေ့အကြုံတွေရှိကြသည်။ စစ်တမ်းအရ (၃၅) ရာခိုင်နှုန်းသော အိမ်ယာမဲ့ အမျိုးအသီးများသည် အိမ်တွင်း အကြမ်း ဖက်ခံရမှုတွေကြောင့် ထိုအိမ်မဲ့ယာမဲ့ဘ၀သို့ ကျရောက်ခဲ့ကြ သည်။ (၁၉)ရာခိုင်နှုန်းသော အိမ်ယာမဲ့များသည် အိမ်ယာမဲ့ဘ၀အဖြစ်နေထိုင်စဥ်အတွင်း ရုပ်ပိုင်း ဆိုင်ရာ နဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ကျူးလွန်မှုများကို ခံစားခဲ့ရသည်။

(၃၇)ရာခိုင်နှုန်းသော အိမ်ယာမဲ့ များ (အမျိုးသမီးများ ၅၀% နဲ့ အမျိုးသားများ ၂၄%) အပါအ၀င် ရုန့်ရင်း ကြမ်းတမ်းသော ပေါင်းသင်းဆက်ဆံမှု၊ ဆက်နွယ်မှုများနဲ့ နေထိုင်ခဲ့ကြရသည်။ အကြောင်းမှာ ယင်းတို့အနေနဲ့ မည်သည့်နေရာမှ နေထိုင်စရာမရှိသည့်အတွက်ကြောင့်ဖြစ်သည်။ (၂၁)ရာခိုင်နှုန်းသော အိမ်ယာမဲ့များသည် ယင်းတို့နေထိုင်သည့် အိမ်များမှ အကြမ်းဖက်မှုများ ရင်ဆိုင်တွေ့ကြုံခဲ့ ရခြင်းကြောင့် အိမ်မှထွက်လာခဲ့သည်။

အရွယ်ရောက်ပြီးသော (၃၉) ရာခိုင်နှုန်းသော အိမ်ယာမဲ့များနဲ့ (၄၆)ရာခိုင်နှုန်းသော လူငယ်အိမ် ယာမဲ့များသည် ငယ်စဥ်ကပင် အနိုင်ကျင့် အကြမ်းဖက်မှုများနဲ့ တွေ့ကြုံခဲ့ကြရသည်။

၅။ မျှတမှုမရှိသော အိမ်ယာစီမံခန့်ခွဲမှုစနစ် နဲ့ ခွဲခြားဆက် ဆံခြင်းများရှိခြင်း

မင်နင်ဆိုတာ ပြည်နယ် ရှိ (၂၅)နှစ် ကြာ သုတေသနစစ်တမ်းများထဲ အလွန်အမင်းပါ၀င် ကိုယ် စားပြုဖော်ပြထားခြင်းခံရသူများဟာ အိမ်ယာမဲ့ လူနည်းစု အာဖရိက−အမေရိကန် နွယ်ဖွား အများစုဖြစ်သည်။ ဤကွာဟချက်များသည် အမေရိကန်−အင်ဒီယန် နဲ့ အာဖရိက−အမေရိ ကန် နွယ်ဖွား များကြား အများဆုံးဖြစ်သည်။ သာဓကအားဖြင့် မင်နင်ဆိုတာ ပြည်နယ်တွင် အိမ်ယာမဲ့ (၃၉) ရာခိုင်နှုန်းခန့်သည် အာဖရိက−အမေရိကန်များနွယ်ဖွားများဖြစ်သည်။ သို့သော် အမေရိကန်၏ သန်းခေါင်စာရင်း များအရ အာဖရိကန်−အမေရိကန်များ သည် မင်နင်ဆိုတာ ပြည်နယ်လူဦးရေ၏ ၅ ရာခိုင်နှုန်းသာရှိသည်။ ထူးခြားသည်မှာ အမေရိကန်၏ (၈)ရာခိုင်နှုန်းသော အိမ်ယာမဲ့ များသည် အမေရိကန်−အင်ဒီယန် များဖြစ်သော်လည်း မင်နင်ဆိုတာပြည်နယ်၌ ကိုယ်စားပြုရာတွင် (၁) ရာခိုင်နှုန်းသာရှိ သည်ကိုတွေ့ရသည်။ မင်နင်ဆိုတာပြည်နယ်အပါအ၀င် အမေရိကန် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်လျင် အိမ်ယာ စီမံခန့်ခွဲမှုစနစ် သည် အိမ်ယာမဲ့တွေအတွက် ခေတ်အဆက်ဆက် ခွဲခြားဖိနှိပ်မှုခံလာခဲ့ရသည်။ ဒါ့အပြင် အခြားသော နယ်ပယ်များဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးအောင်မြင်မှု၊ အိမ်ယာပိုင်ဆိုင်မှု၊ ကလေးများအား နေရာချထားရေး၊ စတဲ့ နယ်ပယ်တွေမှာလည်း မညီမျှမှုများရှိနေသည်။ ရေရှည် ဖြေရှင်းမှုဖြင့် အဖြေမှာသာ အိုးမဲ့အိမ်မဲ့ ပြဿနာတွေ ကို နေရာတိုင်းမှာ ပပျောက်နိုင်မှာဖြစ်သည်။

အိုးမဲ့အိမ်မဲ့ အခြေအနေ ကျရောက်နေသူများကိုဘယ်လိုကူညီမှုတွေလုပ်နိုင်မလဲ..။

သေချာတာကတော့ အားလုံးဟာ ငွေကြေးအကူညီလိုအပ်နေကြလို့ အိမ်ယာမဲ့ များအတွက် လုပ်ဆောင်ပေးနေတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများကို ငွေများလှူဒါန်းနိုင်သလို အတိဒုက္ခရောက်နေတဲ့ အိမ်ယာမဲ့များကိုလည်း တိုက်ရိုက်လှူဒါန်းနိုင်ပါတယ်။ ဒါ့အပြင် မိမိတို့အနေနဲ့ မည်သည့် နည်းလမ်းများနဲ့ မဆို ကူညီပေးနိုင်သမျှကူညီပေးသင့်ပါသည်။ ဥပမာ၊ အစားအစာ နဲ့ဆေး၀ါး၊ အ၀တ်အထည်နဲ့ အသုံးအဆောင်များကို တတ်အားသရွေ့ကူညီပြီး သက်ဆိုင်ရာ ရိပ်သာ (သို့) စောင့်ရှောက်ရေး ဂေဟာများသို့ ကူညီချိတ်ဆက်ပို့ဆောင်ပေးနိုင်ပါသည်။ အိမ်ယာမဲ့များအနေနဲ့ အကြမ်းဖက်ခံရမှုနဲ့ အလွဲသုံးစား ပြုလုပ်ခံရမှု အခြေအနေအရှိဆုံး လူတွေဖြစ်လို့ လက်မတွန့်ပဲ ကူညီပေးသင့်သည်။

အားလုံးကတော့ အမိုးအကာအောက်မှာ အေးချမ်းစွာနဲ့ နေထိုင်လိုကြသူတွေချည်းဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ဘ၀တစ်ဆစ်ချိုးပြောင်းလဲခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် တာ၀န်ရှိ၊ တာ၀န်သိ သက်ဆိုင်ရာများ အိမ်ယာမဲ့ကိစ္စများကို ပူးပေါင်းအဖြေရှာသင့်ပြီး တစ်နည်းတစ်ဖုံဖြင့် ကူညီပေးသင့်သည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းဇယားများအရ အိမ်ယာမဲ့ လူဦးရေသည် (၁) သန်းခန့် ရှိနေသည်ဟုဆိုသည်။ လက်ရှိတွင်လည်း မြေအိမ်ယာမဲ့ လူဦးရေးတိုး လာဖို့သာရှိနေသည်။ ထို့ကြောင့် လူအားလုံးအမိုးအကာနဲ့ နေထိုင်ရေး သည် အားလုံး ပူးပေါင်းဖြေရှင်းရမည့် ပဓာနကျသော ရေရှည်လုပ်ငန်းကြီးပင်ဖြစ်သည်။

TharHtoo (ရိုးရာလေး)

Ref: Yale University, ILO, Stephanie Nelson-Dusek

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top