နာမည်ကျော် ကန်းထရီးအဆိုတော် ကင်နီချက်စနေးဟာ Chillaxification Tour ဂီတဖျော်ဖြေပွဲကို ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်းလိုက်ပေမဲ့ သူ့ရဲ့ဝန်ထမ်း ၁၂၀ လုံးကို နှစ်ကုန်အထိ လစာပေးထားမှာဖြစ်ပါတယ်။ L.A. Times နဲ့ အင်တာဗျူးအစီအစဉ်မှာ ချက်စနေးက အခုလို ပြောခဲ့တာပါ။
” ကျွန်တော် စိတ်ပူမိတယ်။ ကျွန်တော့်လို ဝန်ထမ်းများများ ခန့်ထားသူတိုင်း စိတ်ပူကြမှာပဲ။ ကျွန်တော့်မှာ ဝန်ထမ်း ၁၂၀ ရှိတယ်။ ဒီနှစ်ထဲမှာ ဘယ်သူ့ကိုမှ အလုပ်နားခိုင်းဖို့ မလိုသေးတာ ဘုရားကိုပဲ ကျေးဇူးတင်ရမှာပဲ။ လာမယ့် ၂ နှစ်၊ ၃ နှစ်လောက်အထိ ဖျော်ဖြေပွဲ မလုပ်နိုင်ဘူးဆိုရင်တော့ ကျွန်တော့်ဘဝ အနေအထား တော်တော်ပြောင်းလဲသွားလိမ့်မယ်။ ကျွန်တော် လိမ်မပြောပါဘူး။ ကုန်ကျစရိတ်က အရမ်းများလွန်းတယ်”လို့ ချက်စနေးက ပြောပါတယ်။ ချက်စနေးဟာ ဝန်ထမ်း ၁၂၀ အတွက် ကုန်ကျစရိတ်ဘယ်လောက်ရှိလဲဆိုတာ အတိအကျ ထုတ်ပြောဖို့ ငြင်းဆန်ခဲ့ပေမဲ့ ပမာဏ တော်တော်များတယ်လို့ ဆိုခဲ့ပါတယ်။
Nz(ရိုးရာလေး)