ဒီနေ့တော့ ရိုးရာလေးပရိတ်သတ်တွေကို ရုပ်ရှင်အညွှန်းလေးတစ်ခု ပေးချင်ပါတယ်။ လက်ရှိ JCGV ရုပ်ရှင်ရုံတွေမှာ ပြနေတဲ့ ရုပ်ရှင်ကားအသစ် ဖြစ်ပါတယ်။ မုဒြာရဲ့ခေါ်သံ လို ဒရာမာဇာတ်ကိုကြည့်ပြီး ကြည်နူးပျော်ရွှင်မှုတွေ ခံစားခဲ့ရသလိုပဲ ဒီရုပ်ရှင်ကလည်း စိတ်လှုပ်ရှား ရင်ခုန်စရာတွေကို ခံစားရစေမှာ အသေအချာပါပဲ။
ဇာတ်ကားနာမည်က “Tomb Raider ပါ။ လွန်ခဲ့တဲ့ နှစ်အတော်ကြာကြာက လာရာ ခရော့ဖ် အဖြစ် အင်ဂျလီနာဂျိုလီ ခပ်လန်းလန်း သရုပ်ဆောင်ခဲ့တဲ့ Tomb Raider ဇာတ်ကားတွေနဲ့ ကွဲပြားတဲ့ ပံုစံမျိုးရိုက်ကူးထားပါတယ်။ 2013တုန်းက ထွက်ခဲ့တဲ့ Tomb Raider game ရဲ့ဇာတ်လမ်းကျောရိုးကို ယူထားပုံရပါတယ်။
လာရာ ဆယ်ကျော်သက်အရွယ်လောက်က လာရာ့အဖေ ရစ်ချတ်ခရော့ဖ် တစ်ယောက် အစအန ပျောက်သွားခဲ့ပါတယ်။ လာရာ အရွယ်ရောက်လာတဲ့ အချိန်ထိဆို ၇ နှစ်လောက် ရှိခဲ့ပါပြီ။ ရစ်ချတ်ခရော့ဖ်ဟာ ချမ်းသာတဲ့ စီးပွားရေးသမားတစ်ဦး ဖြစ်သလို စွန့်စားခန်းတွေနဲ့ စူးစမ်းရှာဖွေရတာတွေကို စိတ်ဝင်စားတဲ့သူလည်း ဖြစ်ပါတယ်။ သူပျောက်မသွားခင်မှာ သူသေဆုံးခဲ့ရင် လာရာ ဆက်ခံရမယ့် အမွေအဖြစ် စီးပွားရေးလုပ်ငန်းကြီးတစ်ခုကို ချန်ထားပေးခဲ့ပါတယ်။
သူ့အဖေ သေပြီဆိုတာကို လက်မခံနိုင်တဲ့ လာရာက အမွေဆက်ခံခွင့် စာချုပ်မှာ လက်မှတ်မထိုးသေးဘဲ စက်ဘီးနဲ့ ပစ္စည်းပို့တဲ့အလုပ် လုပ်ပြီး ဝမ်းကျောင်းနေခဲ့တာ ဖြစ်ပါတယ်။ အမွေစာချုပ် လက်မှတ်ထိုးရမယ့်နေ့မှာ စားပွဲပေါ်က ဂျပန်ရိုးရာ ပဟေဠိ သေတ္တာလေးကို အဖြေရှာကြည့်ရင်း ပဟေဠိသေတ္တာထဲမှာ သူ့အဖေ ထည့်ထားခဲ့တဲ့ စာကို အမှတ်မထင် တွေ့လိုက်ရပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့ ယုံကြည်ချက်က ပိုခိုင်မာလာပြီး သူ့အဖေ အလုပ်ခန်းက စာအုပ်ထဲမှာ ရေးမှတ်ထားတဲ့ ဂျပန်ကမ်းရိုးတန်းအနီးက ကျွန်းတစ်ခုဆီ အဖေဖြစ်သူကို သွားရှာဖို့ ပြင်ပါတော့တယ်။

သူ့ရဲ့ခရီးစဉ် စချိန်ကတည်းက ကျွန်းပေါ်ရောက်ချိန်အထိ တွေ့ရသမျှ အခက်အခဲတွေကိုနည်းအမျိုးမျိုးနဲ့ ရင်ဆိုင် ကျော်ဖြတ်ပြီးတဲ့နောက် သူ့အဖေ ရစ်ချတ်ခရော့ဖ် စိတ်ဝင်တစား လေ့လာချင်တဲ့ ရှေးဂျပန်မင်းသမီးတစ်ပါးနဲ့နောက်လိုက်ငယ်သားတွေကို မြုပ်နှံထားရာ ဂူသချုႋင်းကို တွေ့လိုက်ရတဲ့အခါမှာတော့… ဘယ်လိုအတားအဆီးတွေ အန္တရာယ်တွေကို ထပ်ကြုံရသလဲဆိုတာ စိတ်လှုပ်ရှားစရာကောင်းလွန်းတာမို့ ကိုယ်တိုင် သွားကြည့်ပြီး ခံစားလိုက်ပါ လို့ပဲ အကြံပေးပါရစေ။ ရုပ်ရှင်ထဲက ရိုက်ကွင်း ရိုက်ကွက်တွေ၊ အသံစနစ်တွေက အရမ်းကိုကောင်းပြီး ရင်တမမဖြစ်ရလောက်တဲ့ ဇာတ်ဝင်ခန်းတွေလည်း ပါနေလို့ပါ။

အခုဆိုရင် ဒီဇာတ်ကားဟာ နိုင်ငံတကာက ရုပ်ရှင်ရုံတွေမှာ ပွဲဦးထွက်ပြသမှုကနေ အမေရိကန်ဒေါ်လာ ၈၄.၅ သန်း ဝင်ငွေရရှိထားပြီး ဖြစ်တဲ့အပြင် တရုတ်နိုင်ငံတွင်းမှာလည်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၁.၁သန်းနဲ့ ဦးဆောင်နေပါတယ်။
လာရာခရော့ဖ် အဖြစ် မင်းသမီး အယ်လစ်ရှာ ဗီကန်ဒါက တကယ့်ကို ပီပီပြင်ပြင် ဇာတ်ရုပ်နဲ့ ထပ်တူကျအောင် သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ တရုတ်မင်းသား ဒန်နီရယ်ဝူရဲ့ မာန်ပါပါ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကိုလည်း တွေ့ရမှာပါ။
လာရာခရော့ဖ်ရဲ့ အစဦးဆုံး စွန့်စားခန်း အဖြစ် ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကို ၂နာရီလောက်အချိန်ပေးကြည့်ဖို့က ဘယ်လိုပဲဖြစ်ဖြစ် တန်နေတာမို့ ရိုးရာလေးပရိသတ်တွေ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ လို့ ညွှန်းလိုက်ပါရစေ။
TH (ရိုးရာလေး)
Post Views: 4,287
You may also like...
တောင်ကိုရီးယားမင်းသမီးချော ဟန်ဂျီမင်းဟာ Jannabi အဆိုအဖွဲ့ရဲ့ အဖွဲ့ဝင် ချွိုက်ဂျွန်ဟွန်းနဲ့ ချစ်သူတွေဖြစ်နေပါတယ်။ ဒီအကြောင်းကို ဩဂုတ်လ ၈ ရက်နေ့မှာ သတင်းမီဒီယာတစ်ခုက ထုတ်ပြန်ပြီးနောက် နှစ်ဦးလုံးရဲ့အေဂျင်စီတွေက အတည်ပြုပေးခဲ့တာပါ။ ဟန်ဂျီမင်းနဲ့ ချွိုက်ဂျွန်ဟွန်းတို့က KBS2 ရုပ်သံလိုင်းရဲ့ Music…
“The Little Mermaid” ဇာတ်ကားမှာ အဆိုတော်ဟယ်ရီ စတိုင် (Harry Styles) ကို မင်းသားအဲရစ်ဇာတ်ရုပ်အဖြစ် ပါဝင်ဖို့ ကမ်းလှမ်းခံရတယ်ဆိုတဲ့ သတင်းတွေထွက်ရှိလာခဲ့ပါတယ်။ နာမည်ကြီးရုပ်ရှင်ရုံနှစ်ခုကလည်း ဟယ်ရီ စတိုင်ပါဝင်မယ်လို့ အတည်ပြုပြီးသွားကြောင်းပို့စ်ကို ဝမ်းသာဂုဏ်ယူစွာနဲ့ တွစ်တာမှာ တင်ခဲ့ပါသေးတယ်။…
ဟောလိဝုဒ်ရွှေခေတ်ကာလမှာ ထင်ရှားခဲ့တဲ့ မင်းသမီးတွေရဲ့ အလှဓာတ်ပုံတွေကို ရိုက်ကူးခဲ့သူ မီလ်တန် အိတ်ခ်ျ ဂရီနီ (Milton H. Greene) လက်ရာများအနက် မာရီလင် မွန်ရိုးရဲ့ ဓာတ်ပုံများက နာမည်အကြီးဆုံးဖြစ်ပါတယ်။ “မွန်ရိုးဟာ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် ရှင်သန်နေသူပါ…
ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။