ရုရှားနိုင်ငံရဲ့ ဒီဇယ်ယိုစိမ့်မှုကြောင့် အာတိတ်သမုဒ္ဒရာအထိ ညစ်ညမ်းမှု ဖြစ်စေနိုင်

10-6-2020-yyl-007.jpg

ရုရှားနိုင်ငံရဲ့ အာတိတ်စက်ဝိုင်းမြောက်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဇယ်ယိုစိမ့်မှုကြောင့် ကြီးမားတဲ့ ရေချိုရေကန်ကြီး ညစ်ညမ်းခဲ့ရပြီး အာတိတ်သမုဒ္ဒရာအထိ ကူးစက်ပျံ့နှံ့သွားဖွယ်ရှိတယ်လို့ ရုရှားနိုင်ငံရဲ့ ထိပ်တန်းအရာရှိ တစ်ယောက်က ပြောပါတယ်။ လောင်စာကန် ပြိုလဲလို့ ယိုစိမ့်ခဲ့တဲ့ ဒီဇယ်တန်ချိန် ၂၁,၀၀၀ ဟာ နိုရီဆက်မြို့မြောက်ဘက် ၁၂ မိုင်အကွာအထိ စီးဆင်းခဲ့ပါတယ်။ အရေးပေါ်အဖွဲ့တွေက ဒီဇယ်ဆီတွေကို စစ်ထုတ်တားဆီးဖို့ ကြိုးစားနေကြပါတယ်။

ဒါဟာ မျက်မှောက်ခေတ်ကာလ ရုရှားနိုင်ငံရဲ့ အာတိတ်ဒေသမှာ အဆိုးရွားဆုံး မတော်တဆမှုဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူတွေနဲ့ အရာရှိတွေက ပြောပါတယ်။ မေလ ၂၉ ရက်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ဒီဇယ်ယိုစိမ့်မှုကြောင့် အမ်ဘာနာယာမြစ်နဲ့ ပတ်ဝန်းကျင်မြေထုကို ညစ်ညမ်းစေခဲ့ပါတယ်။ အေးခဲမြေဆီလွှာ အရည်ပျော်လာပြီး ထောက်တိုင်တွေ ယိုင်လဲသွားလို့ လောင်စာကန် ပြိုလဲခဲ့တာလို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်နေပါတယ်။ ကမ္ဘာကြီးပူနွေးလာတဲ့ ရိုက်ခတ်မှု လက္ခဏာတစ်ရပ်အဖြစ် အာတိတ်ဒေသမှာ ပုံမှန်မဟုတ်တဲ့ ရာသီဥတုပူနွေးမှုမျိုး သီတင်းပတ်ပေါင်းများစွာ ကြုံတွေ့ခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top