စတုတ်စီးတီးနည်းပြမှာ ကိုရိုနာဗိုင်းရပ်စ် ရှိနေလို့ မန်ယူ-စတုတ်စီးတီး ခြေစမ်းပွဲပျက်ပြယ်

10-6-2020-yyl-008.jpg

မန်ယူအသင်းဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ စတုတ်စီးတီးနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ခဲ့ပေမဲ့ စတုတ်စီးတီးနည်းပြ မိုက်ကယ်အိုနေးလ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံနေရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ခြေစမ်းပွဲကို ဖျက်သိမ်းခဲ့ပါတယ်။ ဇွန်လ ၁၉ ရက်ကျရင် စပါးအသင်းနဲ့ ကစားရမယ့် အဝေးကွင်းပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် မန်ယူအသင်းက ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ စတုတ်စီးတီးနဲ့ ကွင်းပိတ် ခြေစွမ်းပွဲကစားဖို့ စီစဉ်ခဲ့ပါတယ်။

ကွင်းထဲကို နှစ်ဖက်အသင်း ကစားသမားတွေ ရောက်ရှိနေပြီး ပွဲစဖို့ မိနစ်ပိုင်းအလိုမှာပဲ မိုက်ကယ်အိုနေးလ်မှာ ကိုရိုနာဗိုင်းရပ်စ် ရှိနေတယ်လို့ စစ်ဆေးတွေ့ရှိရလို့ စတုတ်စီးတီး ကစားသမားတွေ ကွင်းထဲက ပြန်ထွက်သွားခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ မန်ယူအသင်းက အသင်းသားအချင်းချင်း နှစ်ဖက်ခွဲ ကစားပြီး ပွဲကြိုပြင်ဆင်မှုလုပ်ခဲ့ပါတယ်။ လေ့ကျင့်ရေး ကွင်းတွေမှာ လက်ရှိကျင့်သုံးနေတဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ထုံးလုပ်နည်းတွေအရ စတုတ်စီးတီး ကစားသမားတွေနဲ့ အသင်းအဖွဲ့ဝင်တွေက မန်ယူကစားသမားတွေ၊ မန်ယူအသင်းအဖွဲ့ဝင်တွေနဲ့ ထိတွေ့မိခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top