ဘရာဇီးနိုင်ငံ ကျန်းမာရေး ဝက်ဘ်ဆိုက်မှာ COVID-19 ကိန်းဂဏန်းအချက်အလက် အပြည့်အစုံ ပြန်လည်ဖော်ပြ

10-6-2020-yyl-006.jpg

အထက်တရားရုံးချုပ်က အမိန့်ချမှတ်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပဲ ဘရာဇီးနိုင်ငံရဲ့ ကျန်းမာရေးဌာနဝက်ဘ်ဆိုက်မှ COVID-19 ကူးစက်ခံရမှု ကိန်းဂဏန်းအချက်အလက်တွေ အပြည့်အစုံ ပြန်လည်ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့မှာ ဘရာဇီးနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက COVID-19 ကူးစက်ခံရသူ၊ သေဆုံးသူ စုစုပေါင်းအရေအတွက်တွေကို ဖော်ပြတော့မှာမဟုတ်ဘူးလို့ ကြေညာခဲ့တဲ့နောက် ဝေဖန်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဘရာဇီးအစိုးရက ကျန်းမာရေးနဲ့ဆိုင်တဲ့ အချက်အလက်တွေကိုပါ ဆင်ဆာဖြတ်နေတယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်လာပြီးနောက် ပြီးခဲ့တဲ့အင်္ဂါနေ့မှာတော့ အထက်တရားရုံးချုပ် တရားသူကြီးက ဝက်ဘ်ဆိုက်မှာ ကိန်းဂဏန်းအချက်အလက်တွေ အပြည့်အစုံဖော်ပြပေးဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဘရာဇီးနိုင်ငံဟာ ကမ္ဘာပေါ်မှာ COVID-19 ရောဂါကူးစက်ခံရသူ ဒုတိယအများဆုံးဖြစ်ပြီး လက်ရှိအချိန်မှာ တစ်နေ့တာ သေဆုံးသူ အရေအတွက်ကလည်း တခြားနိုင်ငံတွေထက် ပိုများနေပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top