ရှားစောင်းအရွက်တွေနဲ့ သားရေ ပစ္စည်းတွေ လုပ်နိုင်တဲ့နည်းကို ရှာတွေ့ခဲ့သူ (၂) ဦး

15-6-2020-yyl-012.jpg

“ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် အတူတူလုပ်ဆောင်ရမယ့် အချိန်ပါပဲ”လို့ ဘာရက် အိုဘားမားက ပြောခဲ့ဖူးပါတယ်။ ကမ္ဘာကြီးကို ကယ်တင်တာက အတော်လေး တာဝန်ကြီးပေမယ့် ကျွန်တော်တို့တွေ တဖြည်းဖြည်းချင်း နည်းလမ်းတချို့နဲ့ စတင်ရမှာဖြစ်ပါတယ်။ မက္ကစီကိုနိုင်ငံက စွန်ဦးတီထွင်လုပ်ငန်းရှင် (၂) ဦးဆိုရင်လည်း ပတ်ဝန်းကျင်ကို ကယ်တင်တဲ့အနေနဲ့ ရှားစောင်းအရွက်တွေကို သားရေအဖြစ် ပြောင်းလဲပစ်နိုင်တဲ့ နည်းတစ်နည်းကို ရှာတွေ့နိုင်ခဲ့ပါတယ်။ အက်ဒရီရန် နဲ့ မာတီတို့က ဖက်ရှင်နဲ့ပရိဘာဂစက်ရုံတွေမှာ အလုပ်လုပ်နေရင်းနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုက ပြင်းထန်တဲ့ပြဿနာဆိုတာကို နားလည်ခဲ့ပြီး တစ်ခုခု လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

သူတို့သူငယ်ချင်း (၂) ဦးဟာ အလုပ်ကနေ ထွက်ခဲ့ပြီး ကမ္ဘာကြီးကို ပြောင်းလဲနိုင်မယ့် အလားလာရှိတဲ့အရာကို တီထွင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့ (၂) နှစ်လောက် အချိန်ယူပြီးတဲ့နောက် ၂၀၁၉ခုနှစ် ဇူလိုင်မှာ ဈေးကွက်ထဲအောင် ရှားစောင်းအရွက်နဲ့ ပြုလုပ်ထားတဲ့ သားရေတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဘာလို့ ရှားစောင်းပင်ဖြစ်ရလဲလို့ မေးရင် အဖြေက ရိုးရိုးရှင်းရှင်းပါပဲ။ ဒီအပင်က ရှင်သန်ဖို့အတွက် ရေအများကြီးမလိုပါဘူး။ ရေဒဏ်ခံနိုင်ပြီး သန်မာပါတယ်။ အပူချိန်နည်းတဲ့ အချိန်မှာလည်း မသေတဲ့အပင်ပါပဲ။ ဒါ့အပြင် မက္ကစီကိုနိုင်ငံမှာလည်း ရှားစောင်းပင်ပေါများစွာ ပေါက်ရောက်ပါတယ်။

သူတို့ဖန်တီးခဲ့တဲ့ သားရေကို ‘Desserto’လို့ ခေါ်ပြီး ဒါက ရှားစောင်းနဲ့ပြုလုပ်ထားတဲ့ ကမ္ဘာ့ပထမဆုံး ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ အော်ဂဲနစ်ပစ္စည်းဖြစ်ပါတယ်။ ဒီသားရေက ရေရှည်ခံပြီး အဆိပ်သင့်စေတဲ့ ဓာတုပစ္စည်းလည်းမပါဝင်ပါဘူး။ ဒါ့အပြင် အရောင်မျိုးစုံ၊ အထည်အသားမျိုးစုံရှိပါတယ်။

အက်ဒရီရန် နဲ့ မာတီတို့က ဇာကာတီကတ်စ်ပြည်နယ်မှာ ရှားစောင်းပင်တွေကို စိုက်ပျိုးထားပါတယ်။ အရင်ဆုံး သူတို့က ရှားစောင်းပင်ရဲ့ ရင့်တဲ့အရွက်တွေကို ရှာပြီးခုတ်ပါတယ်။ ပြီးရင် သန့်စင်ကာ ကြိတ်ပစ်ပြီး နေရောင်အောက်မှာ (၃) ရက်လောက် အခြောက်ခံထားပါတယ်။ အဲဒီအဆင့်တွေပြီးသွားရင် သူတို့ဖန်တီးထားတဲ့ သားရေနည်းပညာနဲ့ ဖန်တီးခဲ့တာဖြစ်ပါတယ်။ သူတို့ ဖန်တီးခဲ့တဲ့ ရှားစောင်းရွက်နဲ့လုပ်ထားတဲ့ သားရေဟာ သားရေအစစ်လို့ပါပဲ။ ဆန့်ကျုံနိုင်တဲ့၊ လေဝင်လေထွက်ကောင်းတဲ့၊ ဝယ်သူတွေ ကြိုက်နှစ်သက်တဲ့ ပစ္စည်းဖြစ်ပါတယ်။

သူတို့ သားရေဖန်တီးတဲ့ နည်းလမ်းက တိရစ္ဆာန်တွေကို ကယ်တင်ရာရောက်သလို ပတ်ဝန်းကျင်ကို ထိခိုက်ရာလည်း မရောက်စေပါဘူး။ ရှားစောင်းပင်တွေက အမြဲ ရှင်သန်ပေါက်ရောက်နေတာကြောင့် အပင်တွေကို မျိုးမတုံးစေတဲ့ နည်းလည်းဖြစ်ပါတယ်။

ဗီဒီယိုကြည့်ရန်

Ref: These Guys Found A Way To Make Leather Out Of Cactus Leaves To Help Save The Environment

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top