Facebook comment boxမှာ BFF လို့ရိုက်ပြီး ကိုယ့် account လုံခြုံရေး ကို စစ်ဆေးလို့ရတယ် ဆိုတဲ့အကြောင်း ဒီရက်ပိုင်းထဲ လူပြောများနေပါတယ်။
“Facebook CEO မာ့ခ် ဇူကာဘက် က Facebook account တွေရဲ့လုံခြုံရေးကို စစ်ဆေးနိုင်ဖို့ BFFဆိုတဲ့ စကားလုံးတစ်ခုကို ဖန်တီးပေးလိုက်ပြီ ဖြစ်ပြီး comment box မှာ အဲဒီ စကားလုံးကို ရိုက်ကြည့်လို့ အစိမ်းရောင် ပြောင်းသွားတယ်ဆိုရင် Account ဟာ လုံခြုံတဲ့ အခြေအနေ ကောင်းပါတယ် ” ဆိုတဲ့ စကားနဲ့ အစချီပြီး BFF စကားလုံးကို comment box မှာ ရိုက်ပြီး စမ်းသပ်ကြဖို့ တိုက်တွန်းနေကြတာကို တွေ့နေရပါတယ်။
လိုက်လုပ်ကြည့်တဲ့သူတွေကလည်း အတော်များခဲ့ပါတယ်။ တကယ်တမ်းတော့ အဲဒါဟာ လုံးဝမမှန်ပါဘူး။ Facebook မှာ အဲဒီလို အထူးဖန်တီးထားတဲ့ စကားလုံးတွေ ရှိနေတာ ကြာနေပါပြီ။ xoxo, Congratulations, You got this စတဲ့ စကားလုံးတွေအပါအဝင် နောက်ထပ်စကားလုံး တချို့လည်း ရှိပါသေးတယ်။
အခုပြောနေကြတဲ့ BFFဆိုတဲ့ စကားလုံးကို comment မှာရိုက်ကြည့် လိုက်ရင် အစိမ်းရောင် ပြောင်းသွားတယ်ဆိုတာက မှန်ပါတယ်။ ဒါပေမဲ့ ဒါဟာ Account လုံခြုံမှု ရှိတယ် ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး။ “Best Friend Forever (ထာဝရ အခင်ဆုံး သူငယ်ချင်း) ” လို့ ရည်ညွှန်းထားတာပဲ ဖြစ်ပါတယ်။ လက်ဝါးခြင်းရိုက်နေတဲ့ Animation လေးကိုလည်း မြင်ရမှာပါ။
အခုလို ကောလာဟလ ကို ဘယ်သူက စလိုက်တာမှန်း မသိရပေမယ့် မကောင်းတဲ့ ရည်ရွယ်ချက်မျိုး ရှိပုံတော့ မရတာကြောင့် ဘာအန္တရာယ်မှတော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့ တချို့ ကောလာဟလတွေကတော့ ဆိုးရွားတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖြန့်ဝေလိုက်တာမျိုး ဖြစ်နေတတ်တာကြောင့် အလွယ်တကူ မယုံကြည်မိဖို့ကို သတိပြုသင့်ပါတယ်။
အင်တာနက်ပေါ်မှာ မြင်သမျှတိုင်းဟာ အမှန်မဟုတ်တတ်ပါဘူး။ အခုခေတ် လူမှုကွန်ယက် သုံးစွဲနေကြသူတိုင်း သိထားသင့်တဲ့ ကိစ္စတစ်ခု ဖြစ်တဲ့ အတွက် ရိုးရာလေးရဲ့ ပရိတ်သတ်တွေကို မျှဝေဖော်ပြပေးလိုက်ရတာ ဖြစ်ပါကြောင်း…
TH (ရိုးရာလေး)

