ဒီနေ့ကမ႓ာပေါ်မှာ လူကြိုက်အများဆုံး နဲ့ လူသုံးအမ်ားဆုံးကတော့ အင်္ဂလိပ်ဘာသာစကားပါပဲ။ ဘာသာစကား တစ်ခုမှာ ရှိတဲ့ လျှို့ဝှက်ချက်တွေ၊ ဘာသာစကားလေ့လာသူတွေအဖို့
လေ့လာချင်စရာ ဗဟုသုတတွေဟာ တစ်နေ့တစ်ခြား မရိုးနိုင်အောင်ကို ရှိလာနေတာပါ။ အင်္ဂလိပ်စကားကို နေ့တိုင်းပြောနေ၊သုံးနေကြတာတောင် ကျွန်တော်တို့ သတိမထားမိတဲ့ အချက်တွေဆိုတာ ရှိနေဆဲပဲမဟုတ်လား။ ကဲ ရိုးရာလေးပရိတ်သတ်တွေအတွက် ထူးထူးထွေထွေလေးတွေ ရှာလာခဲ့တယ် ဖတ်ကြည့်ကြပါဦး
Gadsby ဆိုတဲ့ ဝတ္ထု စာအုပ်ကြီး
Ernest Vincent Wright ဆိုတဲ့ စာရေးဆရာကြီးရေးသားခဲ့တဲ့ ထူးကဲ စာအုပ်ကြီးပါ။ ဝေါဟာရစကားလုံးပေါင်း ငါးသောင်းပါဝင်ပါတယ်။ ထူးခြားတာက စကားလုံးတိုင်းမှာ “E” ဆိုတဲ့ အက္ခရာကို ထည့်မရေးဘဲ မြုပ်နှံရေးသားခဲ့တာပါ။ အက္ခရာမြှုပ် Lipogram ဝတ္ထုပါပဲ။
Orange
အင်္ဂလိပ်စကားမှာ Orange နဲ့ အသံကာရန်ကိုက်တဲ့ စကားလုံးဆိုတာ ရှိနိုင်လားဗျ။ မရှိလောက်ဘူးလို့ ဆိုကြမှာပါ။ ရှားရှားပါးပါး Sporange ဆိုတဲ့ ရုက္ခဗေဒသုံး အသုံးအနှုန်း တစ်ခုတော့ ရှိပါတယ်။ ဖန်းပင်ရဲ့ အစိတ်အပိုင်း တစ်ခု လို့ အဓိပ္ပာယ် ရပါတယ်။
သက်တမ်းအရင့်ဆုံး ဝေါဟာရစကားလုံး
အင်္ဂလိပ်ဘာသာစကားမှာ သက်တမ်း အရင့်ဆုံး စကားလုံးက”Who” ပါတဲ့။ ဘယ်လောက်လောက်ကြာနေပြီလို့ ထင်ပါသလဲ။ ခန်႔မှန်းခြေ နှစ်၂သောင်းလောက် သက်တမ်းရှိနေပါပြီ။
ဝေါဟာရပေါင်း နှစ်ဘီလီယံ
ဝေါဟာရအမ်ားဆုံးဘာသာစကားကို ပြောပါဆိုရင်လည်း အင်္ဂလိပ်ဘာသာစကားပဲ လက်ညှိုးညွှန်ရမှာပါပဲ။ အင်္ဂလိပ် စာလုံးဝေါဟာရပေါင်း ၂ဘီလီယံထိ ရှိပါတယ်။ ကျွန်တော်တို့ တကယ်သိထားရတာက ဒီအရေအတွက်ထဲက ခြောက်သောင်းလောက်မျှသာ ဖြစ်ပါတယ်။
DRUNK
DRUNK ဆိုတဲ့ စကားလုံးက အနက်တူစကားလုံးအရေအတွက် များလွန်းလို့ ဂင်းနစ်စံချိန်တောင် ဝင်ခဲ့ပါတယ်။ အင်္ဂလိပ်စာမှာ Drunk နဲ့ ကြောင်းတူသံကွဲ အနက်တူ ဝေါဟာရပေါင်း ၂၉၆၄ လုံး ဝန်းကျင်ရှိပါတယ်။
အက္ခရာစဉ်လေးတွေ စီထားသလို
“Aegilop” ဆိုတဲ့စကားလုံးက အင်္ဂလိပ်အက္ခရာစဉ် တွေကို တစ်ဆင့်ချင်းတန်းစီထားတဲ့ အရှည်ဆုံး စကားလုံးပဲဖြစ်ပါတယ်။ သူပြီးရင်တော့ “Almost” ပါ။
အတိုဆုံးဝါကျ
“I AM” ပါတဲ့။ အတိုဆုံးအနေနဲ့ အက္ခရာသုံးလုံးသာ ပါဝင်ပြီး အဓိပ္ပါယ်ပြည့်ဝပါတယ်။
-Ough ရဲ့ အသံထွက်
ဒီဝါကျကို ဖတ်ကြည့်ပါဦး။
“A rough-coated, dough-faced, thoughtful ploughman strode through the streets of Scarborough; after falling into a slough, he coughed and hiccoughed.”
ဒီနေရာမှာ -ough ရဲ့ အသံထွက်က ကိုးမျိုးအထိရှိနေပါတယ်။
Pangram
Pangram ဆိုတာ အင်္ဂလိပ်စာလုံး ၂၆လုံး အကုန်ပါဝင်နေတဲ့ ဝါကျစာကြောင်းကို ဆိုလိုတာပါ။ အခုနောက်ပိုင်းမှာ Pangram တွေ အတော်များမ်ားကို လူတွေထွင်လာကြပါပြီ။
ပြီးပြည့်စုံတဲ့ ဝါကျ
“The quick brown fox jumps over the lazy dog.”
ဒီဝါကျထဲမှာ အင်္ဂလိပ် Letter ၂၆ လုံး အကုန်ပါဝင်နေပါတယ်။ ကီးဘုတ်တို့ လက်နှိပ်စက်တို့ ကောင်းမကောင်း စမ်းချင်ရင် ဒီဝါကျကို ရိုက်ထည့်ကြလေ့ရှိပါတယ်။
‘သရ’ မဲ့ စကားလုံး
“Rhythm” ဟာ အင်္ဂလိပ်စာမှာ သရမပါဝင်တဲ့ အရှည်လျားဆုံး ဝေါဟာရဖြစ်ပါတယ်။
Tittle
“i” တို့ “j” တို့ မှာ အပေါ်က တပ်ထားတဲ့ အစက်ကလေးကို Tittle လို့ခေါ်ပါတယ်။
တစ်နေ့တစ်ခြား စကားလုံးအသစ်အသစ်တွေ
၉၈ မိနစ်တိုင်းမှာ အဘိဓါန် ထဲကို ဝေါဟာရအသစ်တစ်ခု ရောက်လာနေပါတယ်။ တစ်နှစ်ကို လေးထောင်ကျော် နှုန်းပေါ့။
Z. Mint (ရိုးရာလေး)
Ref: sarcasm.com
Share this post
Share this post
You may also like...
ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။