လူတော်တော်များများဟာ ခန္ဓာကိုယ်မှာ မွေးရာပါအမှတ်အသားတွေ ပါတတ်လေ့ရှိပါတယ်။ အမှန်တကယ်တော့ အပြစ်အနာအဆာ ၊ ချို့ယွင်းချက် မဟုတ်ပါဘူး။ ဒီ အမှတ်အသားတွေက ကိုယ့်အကြောင်းကို အများကြီး ပြောပြပေးနေပါတယ်။
ကိုယ့်ကိုယ်ကို ပိုသိဖို့၊ ကိုယ့် ကိုယ်ရည်ကိုယ်သွေးကို ပိုပြီး ထဲထဲဝင်ဝင်ရှိလာစေဖို့ လိုမယ်မဟုတ်လား။
မေးစေ့
လူများစုပါလေ့ရှိကြပါတယ်။ နည်းနည်းတော့ စိတ်ထွက်မြန်တယ်နော့။ လာဆွလို့ကတော့ ကိုယ့်ကိုယ်ကို ထိန်းထားမယ့်သူမျိုးမဟုတ်။ ပြောစရာရှိပြန်ပြောပစ်မှာပဲ။ တဲ့တိုးသမားတွေ။ ဒီအတွက် ကောင်းတာတခုကတော့ ကိုယ့်ရှေ့တည့်တည့်မှာ လူတွေ တလွဲမပြောရဲကြတော့ဘူး။
လည်ပင်း
သတိကြီး စဉ်းစားဆင်ခြင် ချင့်ချိန်တတ်တဲ့ သူမျိုး။ အလျင်စလို ဘယ်တော့မှမလုပ်တတ်ဘူး။ အေးအေးဆေးဆေး ဆုံးဖြတ်ချက်ချတတ်တယ်။ စကားတည်တယ်။ အမူအရာ သိမ်မွေ့တယ်။ ဣန္ဒြေကြီးတယ်။ ဆွဲဆောင်မှု ညို့ယူမှု ပြည့်ဝတယ်။
လက်မောင်း
စိတ်ရှည်တတ်တဲ့သူ။ အရာရာ သည်းခံထိန်းချုပ်နိုင်တယ်။ လွယ်တဲ့လမ်းထက် မှန်ကန်တဲ့ လမ်းကို ရွေးတယ်။ ကိုယ့်အရည်အချင်းက ဒီလိုပေါ်လွင်နေတယ်။ ဒီအမှတ်အသားက ကိုယ့်ကံအကြောင်းတရားမှာ အမြဲတမ်း မှန်ကန်သောအလုပ်ကိုသာ လုပ်မယ့်သူဆိုတာ ဖော်ပြနေတယ်။
ဝမ်းဗိုက်
အလွယ်တကူ ရောင့်ရဲတတ်တယ်။ တည်ငြိမ်ရင့်ကျက်တယ်။ ဘဝမှ ပိုင်ဆိုင်ထားတာ၊ ရှိတာလေးနဲ့တင် ေကျနပ်တင်းတိမ်နိုင်တတ်တဲ့သူ။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော ပဲ အမြဲဖြတ်သန်းတယ်။ လူတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် နေဖို့ပဲ ဦးတည်တယ်။
ကျောဘက်
ပွင့်လင်းတတ်တဲ့သူ။ ရိုးသားတယ်။ ဖြောင့်မတ်မှန်ကန်တဲ့ ကိုယ့်ကျင့်စရိုက်ကိုပိုင်ဆိုင်ထားတယ်။ ဘာကိုမှ လျှို့ဝှက်မထားတတ်ဘူး။ လူတွေကို အလကားနေရင်း ရို့ကျိုးနေတာမျိုး၊ ထိန်းချုပ်လော်မာတာမျိုး ဘယ်တော့မှ မလုပ်တတ်တဲ့သူတွေဖြစ်ကြပါတယ်။
ခြေဖဝါး
ခေတ်ဆန်းသမား။ ရှေ့ဆောင်သမား။ လူတွေအတွက် လိုက်ကိုလုပ်ရမယ့် အတုယူစရာတွေ သူ့လမ်းမတလျှောက် ချန်ထားခဲ့မယ့်သူပါပဲ။
ခြေထောက်
တခြားသူတွေထက် သာလွန်အောင် လေွ်ာက်လှမ်းနိုင်မယ့်သူတွေလို့ ဆိုလိုရင်းပါပဲ။ က်ိုယ့်ခရီးလမ်းဘယ်လောက်ဝေးဝေးဖြစ်ဖြစ် ရောက်အောင်လှေ်ာက်နိုင်တဲ့သူတွေ။ ပန်းတိုင်ကို ဖြစ်အောင်သွားမယ့်သူတွေ။ ကိုယ့်ဘက်ကသာ အမြဲစိုက်ထုတ်အားတွေ မွေးမြူထားပါ။ ငြိမ်းချမ်းသာယာမှုကို ခရီးအဆုံးမှာ ရရှိပါလိမ့်မယ်။
ပါးစပ်နား
ဟုတ်တိုင်းမှန်ရာ ဟောဟောဒိုင်းဒိုင်း ပြောတတ်တဲ့ သဘာဝကို ပိုင်ဆိုင်ထားပါတယ်။ ဖြောင့်မတ်တယ်။ တဲ့တိုးပဲ နေတယ်။ ဘယ်တော့မှ ခံစားမှုတွေကို ချုပ်တည်း ထားမယ့်သူမဟုတ်။ ကိုယ်ဘယ်လိုမြင်တယ်။ ဘာကြောင့်ဘယ်လိုခံစားရတယ်။ စသဖြင့် အမှန်တရားကို တုတ်ထိုးအိုးပေါက်သာ ကိုင်တတ်တယ်။ ဘယ်လို တလွဲတချော် အပေါ်ယံရွှေမှုန်ကြဲ ကိုမှ မနှစ်သက်၊ မလုပ်တတ်တဲ့သူတွေ ဖြစ်ပါတယ်။
နဖူး
နဖူးအလယ်တည့်တည့်မှာ ရှိတဲ့အမှတ်ဟာ ခေါင်းဆောင်ဖြစ်မယ့်သူရဲ့ ကံကြမ္မာကို ဆောင်ပါတယ်။ ကိုယ်သက်ဆိုင်ရာ ကျွမ်းကျင်ရာ ဘဝနယ်ပယ်မှာ ဦးစီးဦးဆောင်ပြုမယ့်သူ၊ အောင်မြင်စွာ စွမ်းဆောင်နိုင်စွမ်းရှိသူတွေ။ ကိုယ်ဘာလုပ်မလဲ၊ ကိုယ်ဘယ်လမ်းကိုလျှောက်္မယ်။ လူတွေဆီ အတုယူစံထိုက်စရာဖြစ်အောင်ကို ကိုယ့်မှာ ဒီလိုသေချာပိုင်နိုင်မှုရှိနေတာ။
ပခုံး
ဘဝတလျောက်လုံး သယ်ဆောင်လာရတဲ့ အခက်အခဲတွေ၊ တာဝန်ယူမှုတွေ၊ ဘဝပေးတာဝန်တွေ။ ဒါတွေရဲ့ အမှတ်အသားပါပဲ။ အကူအညီရယူသင့်တဲ့အခါလည်း အကူအညီယူဖို့ မမေ့သင့်ပါဘူး။ အရေးအကြီးဆုံးအပိုင်းကတော့ အခက်အခဲတွေ လေးလံမှုတွေအောက် ပြိုလဲကြေမွခံမလား၊ အသာအယာ စိတ်ကြံ့ခိုင်မှုနဲ့ ရင်ဆိုင်မလား။ ကိုယ့်ရွေးချယ်မှုကပဲ အဓိကကျပါတယ်။
နှာခေါင်း
ကြင်နာမှု၊ နွေးထွေးမှု၊ စောင့်ရှောက်ဂရုစိုက်ပေးမှု၊ ချစ်ခြင်းမေတ္တာပြည့့်ဝ ဝေမျှနိုင်မှု။ ဒီလိုကောင်းခြင်းတွေ ပိုင်ဆိုင်ထားတဲ့ အမှတ်အသားပါပဲ။ ပေးကမ်းရက်ရောတတ်တယ်။ ပြန်ရယူလိုစိတ်ဆိုတာ တစ်စွန်းတစ်စတောင် မရှိဘူး။ ဥပါယ်တံမျဉ်သုံးတာ၊ အလိမ်အညာ မာယာ တွေကို တော့ အင်မတန် မုန်းတီးစက်ဆုပ်ပါတယ်။
ရင်ဘတ်
ချစ်ခြင်းတရားနဲ့ ပြည့်ဝတဲ့ နှလုံးသားပိုင်ရှင်။ ကိုယ့်လို လူတိုင်းမှာ မရှိနိုင်ဘူး။ အကြွင်းမဲ့ မေတ္တာတရားကြီးမားတယ်။ အရာရာဖြည့်ဆည်းပေးဖို့ အစွမ်းသတ္တိရှိတဲ့သူပါ။ ဘဝမှာ အချစ်စစ် အချစ်မှန်ကို ရှာရာမှာလည်း နှလုံးသားအလှတရားကိုသာ ပဓာနထားတဲ့သူပါပဲ။
By AI
Ref: Sarcasm.com