ကမ္ဘာမှာနာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ အပြင် ဆွဲဆောင်မှုကောင်းတဲ့ မျက်ဝန်း ၊ ယောက်ျားပီသတဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ မိန်းကလေးတွေကို ဖမ်းစားထားတဲ့ ပုရိသ အကျော်အမော်တွေက ဘယ်သူများလဲ ကြည့်ရအောင်…
အီရန် ဆွန်းမာဟယ်လ်ဒါ (Ian Somerhalder)
Vampire Diaries ဇာတ်လမ်းတွဲမှာ ညီဖြစ်သူရဲ့ ကောင်မလေးကိုမှ သဘောကျမိသွားတဲ့ဇာတ်ကောင် “ဒေမွန်” အဖြစ်သရုပ်ဆောင်ထားတဲ့ အီရန်ကို သတိထားမိကြတဲ့ မြန်မာပရိသတ်တွေလည်းရှိကြမှာပါ။ ဟာသဥာဏ်ရွှင်လန်းပြီးခပ်ချေချေပြုံးတတ်တဲ့အပြုံးတစ်ခု ပေါင်းစပ်လိုက်ချိန်မှာ ပရိသတ်တွေ စွဲလမ်းသဘောကျတဲ့ မင်းသားချောဖြစ်သွားပါတယ်။
ခရစ် အီဗန် (Chris Evan)

နာမည်ကြီးပုရိသတွေ ထဲမှာ ကပ္ပတိန် အမေရိက (Captain America) လို့ လူသိများတဲ့ Chris Evan ကိုလည်း မေ့ထားလို့မရပါဘူး။ လာမယ့်ဇွန်လမှာ အသက် ၄၇ နှစ်ပြည့်မယ့် မင်းသားချောက ပရိသတ်တွေ အားပေးမှုကို တခဲနက်ရရှိနေတဲ့ အပြင် ကမ္ဘာ့ အနုပညာကြေးအများဆုံး သရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ပါ။
ချန်နင်း တတ်တမ် (Channing Tatum)

၂၀၀၆ ခုနှစ်က ရိုက်ကူးခဲ့တဲ့ အကရုပ်ရှင်ဖြစ်တဲ့ “Step Up”ဇာတ်ကားနဲ့ ပရိသတ်အခိုင်အမာရရှိခဲ့တဲ့ သူက ဟာသဇာတ်ရုပ်မှာ ပီပြင်သလို တည်တည်ငြိမ်ငြိမ် အချစ်ဇာတ်ရုပ်မှာလည်း အသက်ပါအောင် သရုပ်ဆောင်နိုင်သူပါ။ တောင့်တင်းသန်မာတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ပရိသတ်ကြီးကို ဆွဲဆောင်နိုင်စွမ်းရှိသူပါ။
တွမ် ခရူးစ် (Tom Cruise)

ဟောလီးဝုဒ်တစ်ခွင်မှာ သာမက မြန်မာနိုင်ငံမှာပါ လူကြိုက်များတဲ့ မင်းသားချော တွမ်ခရုစ်မှာလည်း မြင်သူတွေ ကြွေဆင်းသွားနိုင်လောက်တဲ့ အရည်အချင်းတွေရှိတယ်ဆိုတာ အထူးတလည် ပြောနေစရာတောင် မလိုပါဘူး။
ဘရက်ဒ်ပစ်တ် (Brad Pitt)

အနောက်နိုင်ငံက ဆွဲဆောင်မှုရှိတဲ့ ပုရိသတွေအကြောင်းပြောတဲ့ အခါ ချန်ထားလို့ မဖြစ်တဲ့ နာမည်ကြီးကတော့ ဘရက်ပစ် ပါ။ အသက် ၆၀ နားနီးပြီဖြစ်တဲ့ မင်းသားချော ဘရက်ပစ် ကိုစွဲလမ်းခဲ့ကြတဲ့ ကမ္ဘာအရပ်ရပ်က ပရိသတ်တွေ အတွက်ကတော့ ဝေလည်းမွှေး ၊ကြွေလည်းမွှေးတဲ့ သရုပ်ဆောင် ဖြစ်လို့နေမှာပါ။
လီယိုနာဒို ဒီကာပရီယို (Leonardo Dicarprio)

မြန်မာပရိသတ်တွေဆီကို “Titanic” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဝင်ရောက်လာခဲ့တဲ့ မင်းသားချော လီယိုနာဒို ရဲ့ သရုပ်ဆောင်စွမ်းရည် ကအရွယ်နဲ့အမျှတိုးတက်ပြီး ကောင်းသထက်ကောင်းနေပါတယ်။ ရွှေအိုရောင်ဆံပင်ကို ပိုင်ဆိုင်ထားပြီး ဆွဲဆောင်မှုကောင်းလွန်းတာကြောင့် ဟောလီးဝုဒ် ပရိသတ်တွေ ကြွေနေရသူ ဖြစ်ပါတယ်။
ဂျပ်စတင် တင်မ်ဘားလိတ်ခ် (Justin Timberlake)

ပရိသတ်တွေ အပေါ် အကြင်နာ မေတ္တာ အပြည့်နဲ့ ခင်မင်ဖွယ်ကောင်းအောင်နေတဲ့ ဂျပ်စတင် တင်းဘားလိတ်ခ်ကို အထူးသဖြင့် မိန်းကလေးပရိသတ်တွေ ကြွေကြပါတယ်။ အကြောင်းရင်းကတော့ ဂျပ်စတင်က မိန်းကလေးတွေအပေါ် ကြင်နာမှု အမြဲတမ်းရှိခဲ့လို့ပါ။ မကြာသေးမီက ရှိုးပွဲမှာ မိန်းကလေးပရိသတ်တစ်ဦးရဲ့ ကိုယ်ဝန်ရှိနေကြောင်း သတင်းကို ရှိုးပွဲရပ်ပြီး ကြေညာပေးခဲ့တဲ့ ဒီလို အနုပညာရှင်ကို ပရိသတ်တွေ ကြွေကြတာလည်း မဆန်းပါဘူး။
Ref:https://ia.wittyfeed.me/story/60286/hottest-men-in-the-world?utm_source=InstantArticle&utm_term=InstantArticle&utm_campaign=WittyFeed_InstantArticle&utm_medium=InstantArticle
May Moe(ရိုးရာလေး)

