Body Lotion လိမ်းပေးခြင်းက ရရှိတဲ့ ကောင်းကျိုးများ

16-10-2020-yyl-034.jpg

Body Lotion လိမ်းပေးတာကလည်း အသားရေကြည်လင်ပြီးအသားရေကျန်းမာစေတဲ့ အရာတွေထဲက တစ်ခုပါပဲ။ Body Lotion အများစုက အသားရေကို ရေဓာတ်ဖြည့်ပေးပြီး အသားရေခြောက်သွေ့တာကို ကာကွယ်ပေးနိုင်စွမ်းရှိအောင် ထုတ်လုပ်ထားတာပါ။ Body Lotion က ကြမ်းတမ်းတဲ့ခြေမျက်စိနဲ့ခြေထောက်တွေကိုလည်း နူးညံ့လာအောင် ကူညီပေးနိုင်ပါတယ်။ Body Lotionရဲ့ ကောင်းတဲ့ဂုဏ်သတ္တိက ကြမ်းတမ်းပြီး ရေဓာတ်ဆုံးရှုံးထားတဲ့အသားရေမှာ မယုံနိုင်လောက်အောင် အစွမ်းပြပါတယ်။ အရေပြားမှာ Body Lotion လိမ်းပေးမယ်ဆိုရင် ဒီကောင်းကျိုးတွေတင် မလုံလောက်သေးပါဘူး။ Body Lotion လိမ်းတာကနေ ရရှိတဲ့ နောက်ထပ်ကောင်းကျိုးတွေရှိပါသေးတယ်။ အဲဒီကောင်းကျိုးတွေကတော့

အရေပြားပေါ်က ကြမ်းတမ်းခြောက်သွေ့တာတွေကိုဖယ်ရှားပေးပါတယ်။ သင့်ရဲ့အသားရေက အဆီပြန်တာ (ဒါမှမဟုတ်) သာမန်အသားရေဆိုရင်တောင် သင့်ခန္ဓာကိုယ်မှာ ခြောက်သွေ့ကြမ်းတမ်းတဲ့အစက်အပြောက်တွေရှိနိုင်ပါတယ်။ ရေချိုးပြီးတဲ့အခါတိုင်း၊ ညအိပ်ရာမဝင်ခင်တိုင်း ခြောက်သွေ့ကြမ်းတမ်းတဲ့နေရာတွေကို Body Lotion လိမ်းပေးနိုင်ပါတယ်။ ခြောက်သွေ့ကွဲအက်တာတွေကို ဖယ်ရှားပေးပြီး အသားရေကို နူးညံ့စိုပြေလာစေမှာဖြစ်ပါတယ်။

ခန္ဓာကိုယ်မှာ အနံ့မွှေးစေပါတယ်။ လူတော်တော်များများက အနံ့မွှေးတဲ့Lotion တွေကို ကြိုက်ကြပါတယ်။ ခြေထောက်၊ ခြေဖဝါး၊ လက်တွေကို Lotion လိမ်းလိုက်တဲ့အခါ စိတ်လန်းဆန်းသလိုခံစားရစေပါတယ်။ Lotion တွေကတော့ အနံ့မျိုးစုံနဲ့လာကြပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်ပြီး သင့်ခန္ဓာကိုယ်ကို မွှေးကြိုင်သွားအောင် ကူညီပေးပါလိမ့်မယ်။

အသားရေကို ကြည်လင်တောက်ပြောင်စေတယ်။ သင့်အသားရောင်ကို တောက်ပြောင်သွားစေမယ့် Lotionတွေကို ဝယ်ယူလိမ်းပေးလို့ရပါတယ်။Lotion က အသားရေကြည်လင်စေတဲ့ ဂုဏ်သတ္တိပါဝင်တဲ့အတွက် သင့်အသားရေကို ဖြူဝင်းတောက်ပြောင်နေစေမှာပါ။

အသားမာတွေကိုလည်း နူးညံ့သွားစေပါတယ်။ ခြေထောက်နဲ့လက်တွေမှာ အသားမာတတ်ပြီး ကြမ်းတမ်းတာတွေဖြစ်ဖူးကြမှာပါ။ အဲဒီအသားမာတွေကို နူးညံ့သွားအောင် Lotion က ကူညီပေးနိုင်ပါတယ်။ Lotion က အသားရေရဲ့ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်တဲ့အတွက် အသားမာတွေကို နူးညံ့လာစေပါလိမ့်မယ်။ ဒါပေမဲ့ အသားမာက ရောင်ရမ်းလာတယ်ဆိုရင်တော့ အရေပြားဆရာဝန်နဲ့ သွားပြတာအကောင်းဆုံးပါပဲ။

Ref: All the goodness that a body lotion can provide you with

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top