ဂျပန်မှာ အင်အားပြင်း နှင်းမုန်တိုင်းကြောင့် ကား ၁၃၀ စီး ဆင့်တိုက်မိခဲ့ပြီး လူတစ်ယောက် သေဆုံး

20-1-2021-yyl-01.jpg

ဂျပန်နိုင်ငံမြောက်ပိုင်း အဝေးပြေးလမ်းမှာ အင်အားပြင်း နှင်းမုန်တိုင်း တိုက်ခတ်ခဲ့လို့ ကားအစီးရေ ၁၃၀ ဆင့်တိုက်မိခဲ့ပြီး လူတစ်ယောက် သေဆုံး၊ လူ ၁၀ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဇန်နဝါရီလ ၁၉ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းက မီယာဂီစီရင်စုရဲ့ တိုဟိုကူအဝေးပြေးလမ်းပိုင်းမှာ နှင်းမုန်တိုင်း တိုက်ခတ်ခဲ့တာပါ။ ကားအစီးရေ ၁၃၀ ဆင့်တိုက်မိခဲ့တဲ့ ဖြစ်ရပ်ကြောင့် လူ ၂၀၀ လောက် ပိတ်မိနေခဲ့ပြီး ကယ်ဆယ်ရေးသမားတွေက စားစရာ၊ သောက်ရေသန့်နဲ့ ခြုံစောင်တွေ ဝေပေးခဲ့ပါတယ်။

နှင်းမုန်တိုင်းကြောင့် မြင်ကွင်းရှင်းလင်းမှုမရှိတဲ့အတွက် တိုဟိုကူအဝေးပြေးလမ်းမှာ တစ်နာရီ မိုင် ၃၀ ပဲ မောင်းနှင်ကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။ ဆီးနှင်းကျဆင်းမှုကြောင့် တိုဟိုကူဒေသမှာ ရထားခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဂျပန်နိုင်ငံမှာ နှင်းမုန်တိုင်းတွေ ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့လို့ ဒေသတချို့မှာ ပျမ်းမျှဆီးနှင်းကျဆင်းမှုရဲ့ နှစ်ဆလောက် ဆီးနှင်းကျဆင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့လကလည်း ကာနက်ဆုအဝေးပြေးလမ်းမှာ ဆီးနှင်း ထူထပ်စွာ ကျဆင်းခဲ့လို့ ကားအစီးရေ ၁၀၀၀ ကျော် ၂ ရက်ကြာ ပိတ်မိခဲ့ပါတယ်။

Ref: BBC ” Japan: One dead as snowstorm causes 130-car pile-up “
Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top