ကောလာဟလသတင်းကို ပြန်ဖြေရှင်းလိုက်တဲ့ နေတိုး

60259092_667530367005676_2854936719533277184_n.jpg

အကယ်ဒမီနေတိုးတစ်ယောက် လူပျိုကြီးဘဝကကျွတ်တော့မယ်ဆိုတဲ့ သတင်းကြားပြီးကတည်းက မီဒီယာနဲ့ ပရိသတ်တွေအားလုံး နေတိုးကောင်မလေးဆိုတာကို စိတ်ဝင်တစား စောင့်စား နေကြပါတယ်။

ဇွန်လ ၆ ရက်နေ့တုန်းက လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ နေတိုးရဲ့ချစ်သူပါဆိုပြီး ကောင်မလေးတစ်ယောက်နဲ့ နေတိုးရဲ့ပုံတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ မော်လမြိုင်ကို ပြောင်းလာတဲ့ မာန်အောင်သူ ဇွန်လေးဖြူက နေတိုးရဲ့ ဘဝလက်တွဲဖော် လို့ထင်ကြေးပေး သတင်း ထွက်ခဲ့တာဖြစ်ပါတယ်။

နေတိုးရဲ့ချစ်သူက သရုပ်ဆောင်လောကသား မဟုတ်ဘူးလို့ ကြားထားတာကြောင့်လည်း ဒီသတင်းထွက်လာတဲ့အခါ ပရိသတ်တွေအကြား တော်တော်လေးဂယက်ရိုက်ကုန်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အကယ်ဒမီနေတိုးက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ခုလို ပြန်လည် ဖြေရှင်းထားခဲ့ပါတယ်။

“လက်ရှိထွက်ပေါ်နေသာသတင်းမှာ မဟုတ်မမှန်ကြောင်းနဲ့ ပုံပါမင်းသမီးမှာ Rose Riders ရုပ်ရှင်ကားမှ မင်းသမီးများသာဖြစ်ပါကြောင်း” လို့ ရေးသားပြီး ပရိသတ်တွေကို အသိပေးဖြေရှင်းခဲ့တာဖြစ်ပါတယ်။

Ref: Nay Toe’s Facebook

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top