iPhone ဖုန်းတွေမှာ USB-C အားသွင်းကြိုးကို ပြောင်းလဲအသုံးပြုရတော့မယ်

8-6-2022-yyl21.jpg

Apple ကုမ္ပဏီအနေနဲ့ iPhone တွေမှာ အသုံးပြုနေတဲ့ အားသွင်းကြိုးတွေကို ပြောင်းလဲရဖို့ ရှိနေပါတယ်။ ဥရောပသမဂ္ဂက ပြဋ္ဌာန်းလိုက်တဲ့ စည်းမျဉ်းသစ်တွေအရ ၂၀၂၄ ခုနှစ်ကစတင်ပြီး ဥရောပမှာ ရောင်းချတဲ့ ဖုန်းတွေမှာ အားသွင်းကြိုး အမျိုးအစား တစ်ခုတည်းကိုပဲ အသုံးပြုရမှာဖြစ်ပါတယ်။

အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းပမာဏကို လျှော့ချနိုင်ဖို့အတွက် ဥရောပသမဂ္ဂက အခုလို စည်းမျဉ်းပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေရဲ့ နှစ်စဉ်စွန့်ပစ်ပစ္စည်းတွေထဲမှာ အသုံးမပြုတော့တဲ့ အားသွင်းကြိုးပမာဏက ကုဗတန်ချိန် ၁၁၀၀၀ အထိ ရှိနေတယ်လို့ ဥရောပသမဂ္ဂက ခန့်မှန်းထားပါတယ်။

လက်ရှိအချိန်အထိ iPhone တွေမှာ Apple ရဲ့ ကိုယ်ပိုင်ဖြစ်တဲ့ Lightning power connector နည်းပညာကို အသုံးပြုနေပြီး တခြား Android ဖုန်းတွေကတော့ USB-C အားသွင်းကြိုးတွေကို အသုံးပြုနေကြတာပါ။ ပြီးခဲ့တဲ့အင်္ဂါနေ့က ပြင်သစ်နိုင်ငံ စထရာဘော့မြို့မှာ ကျင်းပခဲ့တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ဥရောပသမဂ္ဂက အဲဒီစည်းမျဉ်းကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂရဲ့ စည်းမျဉ်းသစ် တစ်စိတ်တစ်ပိုင်းအရ ဥရောပနိုင်ငံတွေမှာရှိတဲ့ ဝယ်သူတွေအနေနဲ့ အီလက်ထရောနစ်ပစ္စည်းအသစ်တွေ ဝယ်ယူတဲ့အခါ အားသွင်းကိရိယာ ယူ၊ မယူ ရွေးချယ်ခွင့်ရှိပါတယ်။ ဥရောပသမဂ္ဂရဲ့ အဲဒီစည်းမျဉ်းဟာ တီထွင်ဖန်တီးမှုတွေကို အဟန့်အတားဖြစ်စေပြီး စားသုံးသူတွေကို နစ်နာစေတယ်လို့ Apple က တုံ့ပြန်ထားပါတယ်။

Ref: Dailymail “USB-C chargers will be mandatory for all phones and other handheld electronic devices sold in the EU by 2024 – in a major blow to Apple”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top