အရီဇိုးနားပြည်နယ်က အမျိုးသမီးတစ်ဦးဟာ သားဖြစ်သူကြောင့် ဆံပင်တုပိုင်ဆိုင်ခဲ့ရပါပြီ။ မီလနင် ရှာဟာဆိုတဲ့ အဲဒီအမျိုးသမီးက ဦးနှောက်အကျိတ်ကင်ဆာရောဂါကြောင့် ဓာတ်ရောင်ခြည်ကုသမှုခံယူပြီးနောက် ၂၀၁၈ခုနှစ်မှာ ဆံပင်တွေ ဆုံးရှုံးသွားခဲ့ရတာပါ။ မီလနင်က သူ ဆံပင်မရှိတဲ့အတွက် နာကျင်စရာကောင်းတဲ့ အရာတွေကို လူတွေက ပြောကြတယ်။ နေမကောင်းဖြစ်လို့ စိတ်မပျက်ပေမဲ့ နေမကောင်းတဲ့ပုံဖြစ်နေရတာကို စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။
![](https://yoyarlay.com/wp-content/uploads/2022/07/25-7-2022-yyl12.jpg)
တစ်နေ့တော့ သားဖြစ်သူ မက်သရူးနဲ့ နေ့လည်စာစားတဲ့အချိန် မက်သရူးက ပြောပါတယ်။ “အမေ့အတွက် ဆံပင်အတုလုပ်ပေးဖို့ ကျွန်တော် ဘာလို့ ဆံပင်ရှည်မထားရမှာလဲ”တဲ့။ အဲဒီလိုနဲ့ မက်သရူးက သူ့အမေအတွက် ဆံပင်အတုလုပ်ပေးချင်တာကြောင့် (၂) နှစ်ကြာ ဆံပင်အရှည်ထားခဲ့ပါတယ်။
![](https://yoyarlay.com/wp-content/uploads/2022/07/25-7-2022-yyl13.jpg)
အခုနှစ် မတ်လမှာ သူ့ရဲ့ဆံပင်က သူ့အမေအတွက် ဆံပင်အတုလုပ်ပေးဖို့ အရှည် ၁၂ လက်မရှိတော့ ညှပ်ပစ်ခဲ့ပါတယ်။ မက်သရူးက သူ့ဆံပင်နဲ့ ဆံပင်အတုလုပ်ဖို့အတွက် Compassionate Creations ဆံပင်အတုဆိုင်ကိုလည်း ဒေါ်လာ ၂၀၀၀ ပေးခဲ့ပါတယ်။ ဇွန်လမှာ Compassionate Creations က ဆံပင်အတုကို မီလနင်တို့သားအမိဆီ ပို့ပေးခဲ့တာပါ။ မီလနင်အတွက်တော့ သူ့ရဲ့ဆံပင်အသစ်က သားဖြစ်သူရဲ့ဆံပင်နဲ့လုပ်ထားတဲ့အတွက် တန်ဖိုးကြီးအရာတစ်ခုပါပဲ။
![](https://yoyarlay.com/wp-content/uploads/2022/07/25-7-2022-yyl14.jpg)
မျက်ခုံးမွေး၊ မျက်တောင်မွေး၊ ဆံပင်မွေးတွေ ဆုံးရှုံးလိုက်တာကြောင့် အရင်တုန်းက ပုံပန်းအသွင်အပြင်ဖြစ်လာဖို့ ဒါက ကြီးမားတဲ့လက်ဆောင်တစ်ခုပါပဲ။ ဒါက တကယ်ကို ကောင်းတယ်လို့ မီလနင်က ဆိုပါတယ်။ သားဖြစ်သူ မက်သရူးကလည်း အမေနဲ့ ဒီဆံပင်အတုနဲ့ လိုက်တယ်လို့ ပြောပါတယ်။
![](https://yoyarlay.com/wp-content/uploads/2022/07/25-7-2022-yyl15.jpg)
Ref: People.com “Arizona Man Grows Out His Hair for 2 Years in Order to Make a Wig for Mom Battling Brain Tumor”
WL ( ရိုးရာလေး )