ပိုလန်ရက်ပ်အဆိုတော်က လီဝမ်ဒေါစကီးကို Ballon d’Or ဆု ပေးအပ်

12-11-2020-yyl-009.jpg

၂၀၂၀ ပြည့်နှစ်မှာ Ballon d’Or ဆု မချီးမြှင့်ခဲ့တဲ့အတွက် အနစ်နာဆုံး ကစားသမားကတော့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝမ်ဒေါစကီးပါပဲ။ လီဝမ်ဒေါစကီးဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံ (၄၇)ပွဲမှာ (၅၅) ဂိုးသွင်းနိုင်ခဲ့ပြီး ဆုဖလား (၅)လုံး ဆွတ်ခူးနိုင်ခဲ့တာဖြစ်လို့ Ballon d’Or ဆု ချီးမြှင့်ခဲ့မယ်ဆိုရင် ဆုရမှာ အသေချာပါပဲ။ ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရာသီပြီးဆုံးအောင် မကျင်းပနိုင်ခဲ့တဲ့ လိဂ်ပြိုင်ပွဲတချို့ ရှိခဲ့လို့ Ballon d’Or ဆု မချီးမြှင့်ခဲ့တာပါ။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့ လီဝမ်ဒေါစကီးက ယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုတော့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ ပိုလန်ရက်ပ်အဆိုတော် ကူဘိုနာဖိုက်က Lego အတုံးတွေနဲ့ ဆက်ထားတဲ့ Ballon d’Or ဆုတံဆိပ်ကို လီဝမ်ဒေါစကီးအတွက် ပေးအပ်ခဲ့ပါတယ်။ လီဝမ်ဒေါစကီးက အဲဒီပုံကို အင်စတာဂရမ်ပေါ် တင်ခဲ့ပြီး ပရိသတ်တစ်ယောက်ကတော့ လီဝမ်ဒေါစကီးက Ballon d’Or ဆုအစစ်နဲ့ ထိုက်တန်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Ref: Dailymail ” Robert Lewandowski finally gets his hands on the Ballon d’Or… but it’s only the LEGO version! “

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top