မုန်တိုင်းကို အံတုသူများ

2-8-2022-yyl20.jpg

မုန်တိုင်း ကျတော့မယ့်အချိန်ဆိုရင် တခြားငှက်တွေအားလုံး နားခိုစရာဆီ ပျံသန်းကြလေ့ရှိပေမဲ့ လင်းယုန်တွေကတော့ မုန်တိုင်းကို အံတုပြီး မုန်တိုင်း တိမ်တိုက်တွေထက် မြင့်မားအောင် ပျံသန်းကြလေ့ရှိပါတယ်။

မုန်တိုင်း လာနေတဲ့အချိန်မှာ လင်းယုန်တွေက နားခိုစရာနဲ့ နီးတယ်ဆိုရင် နားခိုစရာဆီ ပျံသန်းလေ့ရှိပါတယ်။ တကယ်လို့ နားခိုစရာဆီရောက်ဖို့ ဝေးသေးတယ်၊ မုန်တိုင်းကလည်း နီးလာပြီဆိုရင်တော့ မုန်တိုင်းထဲမှာ လေဟုန်စီးဖို့ တောင်ပံတွေကို အသင့်ပြင်ထားပြီး မုန်တိုင်းထဲကနေ အပေါ်ယံလေထုထဲကို ဖောက်ထွက်ပျံသန်းကြတာပါ။

မုန်တိုင်းတိမ်တိုက်တွေပေါ် ရောက်သွားရင်တော့ လေကြမ်းတွေနဲ့ ဝေးကွာသွားပြီမို့ သူတို့အတွက် ပျံသန်းရတာ ပိုပြီးသက်သောင့်သက်သာ ရှိသွားပါပြီ။ ဒါကြောင့်လည်း လူသားတွေက ဘဝမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲ၊ အကျပ်အတည်းတွေ ရင်ဆိုင်ရတဲ့အခါ လင်းယုန်တွေရဲ့ ရဲရင့်ပြတ်သားမှုကို စံနမူနာထားပြီး ရင်ဆိုင်ဖြေရှင်းကြလေ့ ရှိပါတယ်။

Ref: Do Eagles Fly Above Storms?

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top