” ဒါလေးကို ယူရင် အနီ ၅၈၀၀ လို့ မန့်ပေးပါ”ဆိုတဲ့ပုံစံမျိုး Live Sale လုပ်နေသူတွေအတွက် စိုးရိမ်စရာ မရှိပါဘူး။ ဖေ့ဘွတ်ခ်က Live Feature ကို ပိတ်တာ မဟုတ်ပါဘူး။ အခုရောင်းနေကြပုံစံအတိုင်း Live လွှင့်ပြီး ဆက်ရောင်းလို့ ရနေဦးမှာပါ။
တခြားနိုင်ငံတွေမှာ Live Shopping လုပ်တဲ့အခါ ပစ္စည်းအမျိုးအစားနဲ့ ဈေးနှုန်းကို Detail ပြပေးပြီး ဝယ်မယ်ဆိုရင် Add to Cart ကို နှိပ်လိုက်လို့ရတဲ့ Shopping Feature ကို သုံးကြပါတယ်။ လာမယ့်အောက်တိုဘာလကစပြီး ဖေ့ဘွတ်ခ်က ပိတ်မယ်ဆိုတာ အဲဒီ Feature ကို ရည်ညွှန်းတာပါ။ ဒါကြောင့် product playlists တို့ tag products တို့ လုပ်မရတာပဲ ရှိမှာပါ။ မြန်မာနိုင်ငံမှာ အဲဒီ Feature သုံးတဲ့သူက မရှိသလောက်ပါပဲ။ သိတဲ့သူလည်း နည်းပါတယ်။
ဖေ့ဘွတ်ခ်က TikTok နဲ့ အားပြိုင်နိုင်ဖို့ Reel ဗီဒီယိုအတိုတွေကို ပိုအသားပေးလာတယ်။ ၂၀၂၁ ခုနှစ် စတုတ္ထ ၃ လပတ်အတွင်း ဖေ့ဘွတ်ခ်မှာ ပျံ့နှံ့မှုအရှိဆုံး ပို့စ် ၂၀ ထဲမှာ ၁၁ ခုက ဗီဒီယိုအတိုတွေ ဖြစ်တယ်လို့ လူမှုကွန်ရက် think tank အဖွဲ့ Integrity Institute က ဖော်ပြထားပါတယ်။
ဖေ့ဘွတ်ခ်က ဗီဒီယိုအတိုတွေကို ပိုအားသန်လာချိန်မှာ Shopping Feature နဲ့ Channel တွေကိုပါ အသစ်ပြောင်းလဲပစ်တဲ့ သဘောမျိုးပါပဲ။ ဖေ့ဘွတ်ခ်ရဲ့ ကြေညာချက်ဟာ အင်စတာဂရမ်ရဲ့ Live shopping နဲ့တော့ သက်ဆိုင်ခြင်း မရှိပါဘူး။ အင်စတာဂရမ် Live shopping ကတော့ ပုံမှန်အတိုင်း ဆက်ရှိနေမှာပါ။
Team (ရိုးရာလေး)