အိန္ဒိယမှာ အထပ် ၄၀ မြင့်တဲ့ တာဝါ ၂ လုံးကို ဖြိုချမယ်

29-8-2022-yyl29.jpg

နယူးဒေလီမြို့စွန်က အထပ် ၄၀ မြင့်တဲ့ မိုးမျှော်တိုက် ၂ လုံးကို ဖြိုချဖို့ ပတ်ဝန်းကျင်မှာ နေထိုင်သူတွေကို အိန္ဒိယအာဏာပိုင်တွေက ရွှေ့ပြောင်းခိုင်းထားပါတယ်။ Apex နဲ့ Ceyane လို့ အမည်ပေးထားတဲ့ မိုးမျှော်တိုက် ၂ လုံးကို ဖြိုဖျက်ဖို့ ဖောက်ခွဲရေးပစ္စည်း အလေးချိန် ၈၁၀၀ ပေါင် အသုံးပြုမှာဖြစ်ပြီး ၁၂ စက္ကန့်ကနေ ၁၅ စက္ကန့်ကြားပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒါဟာ အိန္ဒိယနိုင်ငံမှာ ဖြိုဖျက်မယ့် အကြီးမားဆုံး အဆောက်အအုံလည်း ဖြစ်လာမှာပါ။

အဲဒီတာဝါတွေကို တည်ဆောက်သူတွေက ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အဓိကစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ်မှာ အိန္ဒိယနိုင်ငံ အထက်တရားရု့းချုပ်က ဆုံးဖြတ်ခဲ့ပြီး တာဝါ ၂ လုံးကို ဖြိုချဖို့ အမိန့်ချမှတ်ခဲ့တာပါ။

တာဝါ ၂ လုံးကို ဖြိုချတဲ့လုပ်ငန်းစဉ် ပြီးဆုံးပြီး ၅ နာရီကြာမှသာ ဘေးပတ်ဝန်းကျင်မှာ နေထိုင်သူတွေအနေနဲ့ သူတို့အိမ်တွေမှာ ပြန်နေခွင့်ရမှာပါ။ အိန္ဒိယနိုင်ငံမှာ ဆောက်လုပ်ခွင့်မတင်ဘဲ တည်ဆောက်တဲ့ အဆောက်အအုံတွေ အရမ်းများပေမဲ့ အဆောက်အအုံကြီးတွေကို ဖြိုချမှုတော့ ကြုံတောင့်ကြုံခဲပါပဲ။

အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတွေကတော့ တာဝါ ၂ လုံးကို ဖြိုချရင်း သူတို့ရဲ့နေအိမ်တွေပါ ထိခိုက်ပျက်စီးမှာ စိုးရိမ်ပူပန်နေကြပါတယ်။

Ref: Thousands evacuated in India before implosion of giant skyscrapers

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top