လက်ဟန်ပြ ဆက်သွယ်မှု စနစ်တတ်တဲ့ မျောက်ဝံမကြီး အသက် ၄၆ နှစ် အရွယ်တွင် သေဆုံး

4861.jpg

ဒီကမ္ဘာကျော် မျောက်ဝံမကြီးရဲ့နာမည်က ကိုကို (Ko Ko) လို့ ခေါ်ပါတယ် ။ ၁၉၇၁ ခုနှစ်မှာ ဆန်ဖရန်ဆစ်စကို တိရစ္ဆာန် ဥယျာဉ်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ကိုကိုသေဆုံးချိန်မှာ အသက် ၄၆နှစ် ရှိခဲ့ပါပြီ။ အင်္ဂါနေ့က ကယ်လီဖိုးနီးယားက ဝုဒ်စိုက်မြို့ (Woodside) မှာပဲ သေဆုံးသွားခဲ့ပါတယ်။

တိရစ္ဆာန် စိတ်ပညာရှင် ဖရန်ဆင်း ပက်တာဆန် (Francine Patterson) တည်ထောင်ထားတဲ့ မျောက်ဝံ ဖောင်ဒေးရှင်း (The Gorilla Foundation) ကနေ ကိုကိုရဲ့ သေဆုံးမှုကို အတည်ပြု ကြေငြာ ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ကိုကိုဟာ ထူးထူးခြားခြားပဲ စကားလုံး ဝေါဟာရ ၁၀၀၀ လောက်ကို လက်ဟန်ပြ ဘာသာစကား ဆက်သွယ်မှုစနစ် (Sign Language) ကိုသုံးပြီး လူတွေဆီ ဆက်သွယ် ပြောဆိုနိုင်ပါတယ်။ အင်္ဂလိပ်လို စကားပြော စကားလုံး ၂၀၀၀ထောင် လောက်ကို နားလည်နိုင်စွမ်းရှိတာကြောင့် လူချစ်လူခင် များလှတဲ့ မျောက်ဝံမကြီးပါ။

ကိုကို့ဆီကို မင်းသားကြီး ရော်ဘင် ဝီလျံ(Robbie William) နဲ့ ရက်ဒ် ဟော့ ချီလီ ပက်ပါ (Red Hot Chilli Peppers) တီးဝိုင်းက ဘေ့စ် ဂစ်တာသမား ဖလီး (Flea) တို့ လာလည် ခဲ့ဖူးပါတယ်။ ဖလီးက သူ့ရဲ့ ဘေ့စ် ဂစ်တာကို ကိုကို့ကို ပေးတီးတဲ့အခါ ဒီအကြောင်းတွေကို ကိုကိုက သူ့ သူငယ် ချင်းတွေဆီမှာ ကြွားလို့ မဆုံးနိုင်အောင်ပါပဲ။

မွေးမိခင် မျောက်ဝံမကြီးရဲ့ အဖျားပိုး ကူးစက် သေဆုံးမှာစိုးလို့ ကိုကိုဟာ ငယ်ငယ်လေးကတည်းက မိခင်နဲ့ တစ်ကွဲစီ ရှင်သန် ကြီးပြင်းလာခဲ့ရတာ ဖြစ်ပါတယ်။

Ref: dailymail.co.uk “World-famous gorilla Koko, who could communicate using 2,000 words of sign language, dies aged 46 in California”

AI (ရိုးရာ လေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top