လေယာဉ်ပေါ်မှာ အသက်ရှူရပ်သွားတဲ့ လူမမယ်ကလေးငယ်ကို အငြိမ်းစားသူနာပြုက အသက်ကယ်

9-13-2022-yyl-36.jpg

လေယာဉ်ပေါ်မှာ အသက်ရှူ ရပ်သွားတဲ့ လူမမယ် ကလေးငယ်ကို အငြိမ်းစား သူနာပြု ဆရာမတစ်ယောက်က အသက်ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အမေရိကန်နိုင်ငံ ပစ်ဘာ့ဂ်မြိုကကနေ အော်လန်ဒိုမြို့ကို ပျံသန်းနေတဲ့ Spirit Airlines ရဲ့ လေကြောင်းခရီးစဉ်မှာ ၃ လသားအရွယ် ကလေးငယ်တစ်ယောက် အသက်ရှူ ရပ်တန့်သွားတာပါ။

” ခရီးသည်တွေထဲမှာ ဆရာဝန် ရှိပါသလားရှင်။ ကလေးငယ်တစ်ယောက် အသက်ရှူ ရပ်တန့်သွားလို့ပါ” ဆိုတဲ့ ကြေညာချက် ထွက်ပေါ်လာချိန်မှာ သူနာပြုဆရာမ ပန်ဇီနိုက လေယာဉ်အနောက်ဘက်ကို အပြေးအလွှားသွားခဲ့ပြီး ကလေးရဲ့ အခြေအနေကို သွားကြည့်ခဲ့ပါတယ်။ ကလေးက ခေါင်း အနောက်ကို လန်ပြီး နှုတ်ခမ်းတွေ ပြာနေပါပြီ။

ကလေးအဖေက ကလေးကို ပွေ့ချီထားချိန်မှာ ပန်ဇီနိုက ကလေးရင်ညွန့်ကို လက်နဲ့ပွတ်ပေးပြီး ကလေး အသက်ပြန်ရှူလာအောင် (သို့) အော်ငိုအောင် လုပ်ခဲ့တာပါ။ အဲဒီနောက်မှာ ကလေး အသက်ပြန်ရှူလာလို့ CPR လုပ်စရာ မလိုဘဲ အသက်ကယ်တင်ပေးနိုင်ခဲ့တာပါ။

အရေးပေါ် အခြေအနေမှာ ကလေးအသက် ကယ်တင်ပေးနိုင်ခဲ့တဲ့ ပန်ဇီနိုနဲ့ မြန်ဆန်၊ မှန်ကန်စွာ တုံ့ပြန်လှုပ်ရှားနိုင်ခဲ့တဲ့ လေယာဉ်မယ်တွေကို လေကြောင်းလိုင်းက ကျေးဇူးတင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Ref: Retired nurse helps save infant’s life on Spirit Airlines flight

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top